လေဖြတ် ဝေဒနာရှင်များ အတွက် စမ်းသပ် ကုထုံးတရပ် အောင်မြင်မှုရနေ

alt

ပင်မ ဆဲလ်များကို စမ်းသပ်ဆဲ အဆင့်အဖြစ် ပွားထားပြီး လေဖြတ် နေသော လူနာများတွင် အစားထိုး အသုံးပြု နေသော သုတေသန လုပ်ငန်းများသည် အောင်မြင်မှု ရရှိ နေကြောင်း ဗြိတိန်နိုင်ငံမှ ဆေးဘက် ဆိုင်ရာ သုတေသန ကုမ္ပဏီ တခုက ကြေငြာ ခဲ့သည်။

 ReNeuron သည် ဂိုင်းလ် ဖို့ဒ်တွင် အခြေစိုက်ပြီး လာမည့် (၆)လအတွင်း လူနာ (၁၂) ဦးကို စတင် စမ်းသပ်မှုများ ပြုလုပ်သွားရန် အဆင်သင့်ရှိနေပြီ ဖြစ်သည်။ ဦးနှောက်အတွင်း ထိခိုက် ခံထားရသည့် အစိတ်အပိုင်းများကို တီထွင် ပြုလုပ်ထားသည့် ပင်မ ဆဲလ်များဖြင့် အစားထိုးပြီး လေဖြတ်ခြင်း နှင့် အခြားသော အာရုံကြော ထိခိုက်မှု လူနာများအား အကောင်း ပကတိ ဖြစ်လာသည် အထိ ကုသ သွားနိုင်ရန် ကုမ္ပဏီက မျှော်လင့် ထားကြောင်း Reneuron ၏ သိပ္ပံ ပညာရှင် အကြီးအကဲ ဂျွန် ဆင်းဒန်းက ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေသည် ကျေနပ်ဖွယ် အတိဖြစ်ကြောင်း ဂျွန်ကဆိုသည်။ စမ်းသပ်မှု ကုထုံးများအရ လေဖြတ်နေသော ဝေဒနာရှင်များ၏ အကြောများ အတွင်းသို့ အထူး ဖော်စပ်ထားသော ဆေးများ ထိုးသွင်း ပေးမည်ဖြစ်ပြီး ထိုဆေးများအတွင်း ပါ၀င်သည့် တီထွင်ထားသော ပင်မဆဲလ် လှုံ့ဆော်ရေး အာနိသင်က ပျက်စီးနေသော ဦးနှောက်ဆဲလ် အစိတ်အပိုင်းများကို အလိုအလျောက် မွမ်းမံ ပြင်ဆင်သွားမည် ဖြစ်ကြောင်း ဂျွန်က ရှင်းလင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here