ဘာရက် အိုဘားမား ကျမ်းကျိန်ပြီး၍ သမတ ဖြစ်ပြီ

alt

အမေရိကန် နိုင်ငံ၏ (၄၄)ဦးမြောက် သမတ အဖြစ် ဘာရက် ဟူစိန် အိုဘားမား သည် ဇန်နဝါရီလ (၂၀) ရက်နေ့က အမေရိကန်နိုင်ငံ မြို့တော် ၀ါရှင်တန် ဒီစီ တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ဖြစ်သည်။

 အမေရိကန်ကို (၈)နှစ်ကြာ ဦးဆောင် လာခဲ့သည့် ရီပတ် ဘလစ်ကန် ပါတီမှ ဂျော့ဘုရှ်သည် ဒီမိုကရက် သမတ အိုဘားမားထံ အာဏာ လွှဲပြောင်းပြီး အာဏာရ ပါတီ အပြောင်း အလဲသည် အေးဆေး ငြိမ်သက်စွာ ပေါ်ပေါက် လာခြင်းသည် စစ်မှန်သော ဒီမိုကရေစီ စနစ်၏ ပြယုဂ် သရုပ်သကန် တခုလည်း ဖြစ်သည်။ အိုဘားမား၏ အိမ်ဖြူတော် တက်ရောက်မှု အခမ်းအနားကို လာရောက် အားပေးသည့် အမေရိကန် နိုင်ငံသား အရေအတွက်မှာ နှစ်သန်းကျော် အထိရှိခဲ့သည်။

အိုဘားမားက သမတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ပြည်သူများသို့ နှုတ်ခွန်းဆက် မိတ်ဆက် စကား ပြောကြားခဲ့ရာတွင် နိုင်ငံ၏ အကြပ်အတည်း များအား ပြည်သူ တရပ်လုံး၏ စုစည်း ညီညွတ်မှုနှင့် တိုက်ထုတ် ဖယ်ရှားသွားရန် တိုက်တွန်းခဲ့သည်။ အိုဘားမား၏ အိမ်ဖြူတော် တက်ရောက်မှု ပွဲတော်အတွက် ရဲအရာရှိ (၈၀၀၀) ကို တပ်ဖြန့်ထားပြီး စစ်သည် အယောက် (၃၂၀၀၀) ကို အရံသင့် ထားရှိခဲ့သော်လည်း လာရောက် ဂုဏ်ပြု သူများကြား ရုတ်ရုတ်သဲသဲ ဖြစ်ရပ်မျိုး မပေါ်ပေါက်ခဲ့ဘဲ ပျော်ရွှင် ငြိမ်းချမ်းစွာဖြင့် ၎င်းတို့၏ သမတသစ်ကို အားပေး လက်ခုပ်တီး ကြိုဆို ခဲ့ကြသည်။ အိုဘားမား၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တကမာ္ဘလုံးမှ စိတ်ဝင်စားခဲ့ကြပြီး ရုပ်မြင်သံကြားမှ တဆင့် တိုက်ရိုက် လူသန်းပေါင်း များစွာတို့က စောင့်ကြည့် နေခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here