နိုကီယာ N97 ထွက်ရှိလာ

alt

ဖင်လန် နိုင်ငံ အခြေစိုက် ကမာ္ဘကျော် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီ နိုကီယာသည် နောက်ထပ် N Series မိုဘိုင်းလ် မျိုးဆက်ဖြစ်သည့် N97ကို ထုတ်ဝေ လိုက်ပြီ ဖြစ်သည်။

 Apple ၏ နာမည်ကျော် iPhone ကို အပြုတ်ဖြုတ်မည့် မိုဘိုင်းလ်ဖုန်း အဖြစ် နာမည်ကြီးနေသည့် N97သည် Touch Screen အသုံးပြု အဆင့်မြင့် ဖုန်းတလုံး ဖြစ်သော်လည်း တလုံးလျှင် ပေါင်စတာလင် (၅၀၀) မျှ တန်ဖိုး ကျသင့် နေခြင်းကြောင့် နိုကီယာ ဖောက်သည်များ လက်တွန့်ကာ စိတ်ပျက် နေကြရသည်။

N96 ကို ထုတ်ဝေပြီး နောက်ပိုင်းတွင် ငြိမ်ချက်သား ကောင်းနေခဲ့သည့် နိုကီယာ အတွက် N97 သည် ပထမဆုံးသော Touch Screen ဖုန်းလည်း ဖြစ်လာခဲ့သည်။ ယခုအခါတွင် N97အတွက် ကြိုတင် မှာယူမှုများကို Phones 4u နှင့် Vodafone တို့တွင် စာရင်း ပေးထားနိုင်ပြီ ဖြစ်သည်။ N97သည် အင်တာနက် ချိတ်ဆက်ရာတွင် ပိုမိုကောင်းမွန်လာပြီး နိုကီယာက ယခု N97 သည် ကမာ္ဘပေါ်တွင် ပထမဆုံးသော မိုဘိုင်းလ် ဖုန်း ကွန်ပျူတာလေး ဖြစ်လာမည်ဟု ကြွေးကြော်ထားခြင်းအား စောင့်ကြည့်ရမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here