တရုတ်နိုင်ငံမှ အနည်းဆုံးလူ (၅၀)ခန့် ကို မြန်မာ ဂိုဏ်းများမှ ပြန်ပေးဆွဲဟုဆို

alt

တရုတ်နိုင်ငံ၊ ရှန်ဇီခရိုင်မှ လူငယ် အနည်းဆုံး အယောက် (၅၀)မှာ ပြန်ပေးဆွဲ ခဲ့ရပြီးနောက် မိဘများ အနေနှင့် အလွန်စိတ်ပူ နေကြကြောင်း သိရှိရသည်။

 မြန်မာနိုင်ငံမှ ဂိုဏ်းအဖွဲ့များ၏ လက်ချက်ဟု ယူဆ ရဖွယ်ရှိသော အဆိုပါ ပြန်ပေးမှုများသည် (၂၀၀၈)ခုနှစ်၊ ဩဂုတ်လ ကတည်းက ပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်ပြီး ပြန်ပေးသမားများ၏ လုပ်ရပ်များမှ တစထက် တစ အတင့်ရဲ လာနေကြောင်း ရှန်ဇီခရိုင် အာဏာပိုင် များက ပြောကြား ခဲ့သည်။ ဆယ်ကျော်သက် အရွယ်များ လူပျောက် တိုင်ခံရသည့် ပမာဏ တိုးမြင့်လာခြင်းကို တရုတ်အရာရှိများက အာရုံ စိုက်လာနေကြပြီး ပျောက်ဆုံးသူများ အနက် အချို့သည် ယူနန်ခရိုင်တွင် အလုပ် လုပ်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ထွက်ခွာ သွားပြီးနောက် သတင်း မရတော့ကြောင်း သိရှိရသည်။ 

ပြန်ပေးဆွဲ ခံရသည့် ကလေးအချို့၏ မိဘများထံသို့ မြန်မာနိုင်ငံမှ ပြန်ပေး သမားများက ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ ကလေးများကို ပြန်ပေးငွေ ယွမ်(၄၀၀၀၀)မှ (၈၀၀၀၀)ဖြင့် ရွေးယူရန် စာရေး အကြောင်းကြားမှုများ ရှိခဲ့ကြောင်းလည်း အာဏာပိုင်များက ပြောဆိုခဲ့သည်။ တရုတ်ရဲများက ယခုပြန်ပေးမှုများအား ကြိုးကိုင် ဆောင်ရွက်နေသည့် မြန်မာဂိုဏ်းများသည် နယ်စပ်ဒေသ တလျှောက် လောင်းကစားဝိုင်းများ ထူထပ်ရာ နေရာများတွင် ကိုယ်ယောင် ဖျောက်နေကြပြီး ရာဇဝတ်မှုများ ကျူးလွန်နေခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။

အချို့သော မိဘများသည် ပြန်ပေးသမားများ၏ တယ်လီဖုန်းဖြင့် ညွှန်ကြားချက်များကို လိုက်နာခဲ့ခြင်း မရှိသောကြောင့် ၎င်းတို့ သားသမီးများ၏ လက်ချောင်းများကို ပြန်ပေးသမားများက ဖြတ်တောက်ပြီး ပေးပို့လိုက်ခြင်းများပင် ကြံုခဲ့ရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here