၂၀၁၈ ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ရေး အင်္ဂလန်၊ စပိန်နှင့် ပေါ်တူဂီတို့ ယှဉ်ပြိုင် ရဖွယ်ရှိ

alt

(၂၀၁၈)ခုနှစ် ကမာ္ဘ့ဖလား၊ ဘောလုံးပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် ကြိုးပမ်းနေသော အင်္ဂလန်နိုင်ငံ အနေနှင့် စပိန်နှင့် ပေါ်တူဂီ တို့ကို ယှဉ်ပြိုင်ရမည့် အလားအလာများ ပေါ်ပေါက် လာခဲ့သည်။

 ထိုနှစ်နိုင်ငံမှ ဘောလုံး အဖွဲ့ချုပ်များက ဘောလုံး လောက၏ အစဉ်အလာ အကြီးမားဆုံး ပြိုင်ပွဲကြီးကို ဥရောပမြေတွင် လက်ခံ ကျင်းပခွင့်ရရန် လျှောက်ထား လိုက်ပြီ ဖြစ်သည်။ ယူရို (၂၀၀၀) ၏ ပူးတွဲ အိမ်ရှင်များ ဖြစ်သော နယ်သာလန် နှင့် ဘယ်လ်ဂျီယမ် တို့ကလည်း ထိုပြိုင်ပွဲကြီး ကျင်းပခွင့်ရရန် စိတ်ဝင်စားကြောင်း ကြိုတင် ကြေငြာ ထားသည်။ စပိန်နှင့် ပေါ်တူဂီတို့သည် ယခုပြိုင်ပွဲကို ပူးတွဲ ကျင်းပရန် လိုလားနေပြီး လစ္စဘွန်းတွင် သဘောတူ လက်မှတ် ရေးထိုးကာ FIFA ထံသို့ လျှောက်လွှာ တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

စပိန်နှင့် ပေါ်တူဂီ တို့သည် ဘောလုံး အားကစားတွင် အစဉ်အလာ ပြိုင်ဘက်များ ဖြစ်ကြသော်လည်း အိမ်ရှင် ဖြစ်ခွင့်အတွက် ယခုကဲ့သို့ ညီညွတ်ရေး ရယူခဲ့ကြခြင်း ဖြစ်သည်။ (၂၀၁၈)ခုနှစ်၊ ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲကြီး ကျင်းပရန် လျှောက်လွှာများကို ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် FIFA ထံသို့ အပြီးသတ် စာရင်းသွင်းရမည် ဖြစ်ပြီး ယခုအခါ အမေရိကန်၊ ဩစတြေးလျ၊ ကာတာနှင့် ရုရှားနိုင်ငံများ ကလည်း အိမ်ရှင်အဖြစ် လျှောက်ထားရန် စိတ်ဝင်စားနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here