စကော့တလန် ကျွန်းတကျွန်းမှ အမွှာ ကလေးနှစ်ဦး စစ်ဘက် အကူအညီဖြင့် ဆေးရုံပို့

alt

စကော့တလန် နိုင်ငံရှိ ကျွန်းတကျွန်းတွင် လမစေ့ဘဲ မွေးဖွားခဲ့သည့် အမြွှာနှစ်ဦးကို ဗြိတိန် ရေတပ်မတော်မှ သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် တစင်းက သွားရောက် ခေါ်ယူခဲ့ပြီး ဆေးရုံသို့ တင်ပို့ပေးခဲ့ ပြီးနောက် ယခုအခါတွင် ကျန်းမာပြီး စိတ်ချရသော အနေအထားသို့ ရောက်ရှိခဲ့ပြီဟု ဆရာဝန်များက ပြောကြား ခဲ့သည်။

 ယောက်ျားလေး တဦးနှင့် မိန်းကလေး တဦးတို့အား ၀က်စ်တန် အိုက်စလီတွင် မွေးဖွားခဲ့ ပြီးနောက် အရေးပေါ် သူနာပြု လုပ်ငန်းများဖြင့် ပြုစုခဲ့ပြီး ဆေးရုံသို့ပို့ရန် အရေးတကြီး လိုအပ် လာတော့သည်။ ထိုကလေးငယ်များသည် သတ်မှတ်ရက်ထက် (၃)လစောပြီး မွေးဖွားခဲ့ခြင်း ဖြစ်ပြီး ထိုအချိန်က ရာသီဥတု အလွန် ကြမ်းတမ်းနေသဖြင့် ဆေးရုံမှ လူနာတင် ရဟတ်ယာဉ်များ ပျံသန်းနိုင်ရေးမှာ အလွန် အန္တရာယ်များသည့် အနေအထားတရပ် ဖြစ်လျက်ရှိသည်။

ထိို့ကြောင့် စစ်ဘက်မှ ရဟတ်ယာဉ် အကူအညီ တောင်းခံနိုင်ရန် ကြိုးစားခဲ့ပြီး တော်ဝင်ရေတပ်ကလည်း ကလေးနှစ်ဦးကို သယ်ယူပေးရန် ချက်ချင်း လုပ်ဆောင်ခဲ့ပြီး Sea King ရဟတ်ယာဉ်တစင်း စေလွှတ်ပေးခဲ့သည်။ ရဟတ်ယာဉ်နှင့် အတူ ဆေးဝန်ထမ်း(၄)ဦးနှင့် ရေတပ်မတော်မှ ဆေးတပ်သား(၁)ဦး လိုက်ပါလာပြီး ၀က်စ်တန်အိုက်စလီ ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့နောက်တွင်မူ ကလေးများနှင့်အတူ ဂလက်စကို လေဆိပ်ထိ ဆက်တိုက်ပျံသန်းပြီး ထိုမှတဆင့် Princess Royal Maternity ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။ ဆေးရုံမှ ဆရာဝန်မတဦးဖြစ်သူ လက်စလီဂျက်ဆန်က ယခုအခါတွင် ကလေးများ၏ အသက်အန္တရာယ် စိုးရိမ်ရမှု မရှိတော့ကြောင်း၊ ရေတပ်မတော်၏ ကယ်ဆယ်မှုသည် ကလေးငယ်များကို ကံကောင်းစေခဲ့ကြောင်း သတင်းထောက်များထံ ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here