သူ့ လက်ထက်တွင် ဘာမဆို ဖြစ်လာနိုင်ကြောင်း အိုဘားမားပြောကြား

alt

ယနေ့တွင် အိမ်ဖြူတော်သို့ ရောက်ရှိ လာတော့မည် ဖြစ်သည့် အမေရိကန် သမတလောင်း ဘာရက် အိုဘားမားက ၎င်းအား ၀မ်းသာအားရ ကြိုဆိုနေသော ပြည်သူများအား ၎င်း လက်ထက်တွင် အမေရိကန်၏ အနာဂါတ်သည် ဘာမဆို ဖြစ်လာနိုင်ကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။

 အိမ်ဖြူတော်တွင် ရုံးမထိုင်မီ (၂)ရက်အလို အကြို ဂုဏ်ပြုခံပွဲတခု ဆင်နွှဲခဲ့သည့် အိုဘားမားနှင့် မိသားစုကို ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို ခဲ့ကြပြီး ထိုပွဲသို့ U2၊ ဘီယွန်ဆေးစ်၊ စသည့် နာမည်ကျော် အနုပညာရှင်များလည်း တက်ရောက် ခဲ့ကြသည်။ အိုဘားမားက လက်ရှိ အမေရိကန် ပြည်ထောင်စုသည် အကြပ်အတည်းများ ရင်ဆိုင် နေရသော်လည်း ထိုအရာများသည် ဖြေရှင်းနိုင်ခြင်း မရှိသော ကိစ္စများ ဖြစ်သည်ဟု ၎င်း မယုံကြည်ကြောင်း အိုဘားမားက ဆိုသည်။

ဇန်နဝါရီလ (၁၈)ရက်နေ့က လင်ကွန်းအမှတ်တရ ဗိမာန်တွင် ကျင်းပခဲ့သည့် အဆိုပါ ဂုဏ်ပြုကြိုဆိုခံ အခမ်းအနားတွင် အိုဘားမားက ၎င်းအနေနှင့် ပြည်သူများ အားကိုးအားထား ပြုမှုကို ခံယူနိုင်မည့် ခေါင်းဆောင်ကောင်း တဦး ဖြစ်လာစေရန် ကြိုးပမ်း သွားမည်ဟု ကတိပြုခဲ့ပြီး အခမ်းအနားသို့ ဒုတိယ သမတလောင်း ဂျိုးဘိုင်ဒန်နှင့် မိသားစုလည်း တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here