ခံတွင်းသန့် ဆေးရည်ကြောင့် ခံတွင်း ကင်ဆာ ဖြစ်ပွားနိုင်

alt

ခံတွင်းသန့် ဆေးရည် များအား စူပါ မားကက်များမှ ဖယ်ရှား သင့်ပြီဟု ဩစတြေးလျ ဆရာဝန် များက မီဒီယာသို့ ထောက်ပြ ပြောကြား လိုက်သည်။

 အဆိုပါ ခံတွင်းသန့် ပလုတ်ကျင်း ဆေးရည်များသည် ခံတွင်း ကင်ဆာ ဖြစ်ပေါ် ရခြင်း၏ အဓိက အရင်းအမြစ် တခုဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး နောက် ဩစတြေးလျမှ ပညာရှင်များက အထက်ပါအတိုင်း ကြေငြာခဲ့ခြင်း ဖြစ်သည်။ အယ်လ်ကိုဟော ဓာတ် ထည့်သွင်း ထားသည့် အဆိုပါ ဆေးရည်များသည် ခံတွင်း ကင်ဆာနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း ခိုင်လုံသည့် အထောက်အထားများ တိတိကျကျ လုံလုံလောက်လောက် ရှိနေပါသည်ဟု ပရော်ဖက်ဆာ မိုက်ကယ် မက်ဂေါင်းက ဩစတြေးလျ သွားဖက် ဆိုင်ရာ ဆေးဂျာနယ်မှ တဆင့် ရေးသား ဖော်ပြထားသည်။

ခံတွင်း ကင်ဆာသည် ဆေးလိပ်သောက်ခြင်း စသည့် အလေ့အထများမှ ပေါ်ပေါက်နိုင်ကြောင်း လူအများ လက်ခံထားပြီး ယခုအခါတွင် ခံတွင်း သန့်ဆေးရန်ရှိ ဘေးထွက် အာနိသင် များကြောင့်လည်း ပေါ်ပေါက်စေနိုင်ကြောင်း တိတိကျကျ သိလာရပြီဟု ပရော်ဖက်ဆာ မက်ဂေါင်း ကဆိုသည်။ ခံတွင်း သန့်ဆေးရည်သည် ဩစတြေးလျ၊ ဥရောပနှင့် အမေရိက ဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် လူသုံးကုန် တမျိုးအဖြစ် ရပ်တည်နေနိုင်ပြီး ဗြိတိန်နိုင်ငံက တနှစ်လျှင် လူ(၅၀၀၀)ခန့် ခံတွင်း ကင်ဆာ ဖြစ်ပွားနေရခြင်းနှင့် ခံတွင်း သန့်ဆေး ဆက်စပ်မှုကို အသေးစိတ် လေ့လာသွားရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here