အစ္စရေးတပ်များ စတင် ဆုတ်ခွာစဉ် ဟားမတ်တို့က ပြန်လည် တိုက်ခိုက်

alt

အစ္စရေးတပ်များ ဂါဇာဒေသမှ စတင် ဆုတ်ခွာရန် ပြင်ဆင် နေချိန်မှာပင် ဟားမတ်တို့က အစ္စရေး နယ်မြေများပေါ်သို့ ဒုံးကျည် များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက် နေပြန်ရာ အရှေ့အလယ်ပိုင်း အခြေအနေသည် ရုတ်တရတ် ပြန်လည် တင်းမာလာဖွယ် ရှိနေပြီဖြစ်သည်။

 နိုင်ငံတကာ ဖိအားပေး တောင်းဆိုမှု များကြောင့် အစ္စရေး အစိုးရသည် စစ်တပ်များ ပြန်လည်ဖယ်ရှား ရုပ်သိမ်းပေးရန် စဉ်းစား နေသော်လည်း ယခုအခါတွင် အခြေအနေကို စောင့်ကြည့် နေဦးမည်ဟု ယမန်နေ့က ထုတ်ဖော် ကြေငြာ ခဲ့သည်။

အစ္စရေး မြေပြင်တပ်များနှင့် ဝေဟင်ပစ် တပ်ဖွဲ့များသည် ဇန်နဝါရီလ (၁၉)ရက်နေ့ နံနက် အရုဏ်တက်ချိန်တွင် စတင် ဆုတ်ခွာနေသော်လည်း ဟားမတ်တို့က အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ နောက်ထပ် ဒုံးကျည်များ ပစ်ခတ်လာသဖြင့် ဆုတ်ခွာရေး အစီအစဉ်ကို ဆိုင်းငံ့ ထားလိုက်ပြီး ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက နှစ်ဖက်စလုံးမှ အပစ်အခတ် ရပ်စဲရေး ကြေငြာခဲ့ပြီးမှ ယခုကဲ့သို့ ဟားမတ်တို့၏ စည်းဖောက်မှုကို အပြစ်တင် ဝေဖန်လိုက်ပြီး ထို အပြုအမူသည် အရှေ့ အလယ်ပိုင်းဒေသ စစ်ပွဲများအား ပိုမို ဆိုးရွားသွားစေကာ လောင်တိုက် သွင်းခြင်းသာ ဖြစ်ကြောင်း သတိပေး ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here