အာတိတ် သမုဒ္ဒရာ အတွင်း မြူခိုးများကြောင့် ရေလမ်းခရီး ခက်ခဲလျက်ရှိ

alt

ကမာ္ဘတဝှမ်း အေးမြသော ဆောင်းရာသီကို ဖြတ်သန်း နေရချိန်တွင် အာတိတ် သမုဒ္ဒရာ အတွင်း ရေကြောင်း သွားလာမှုများ ခက်ခဲ နေကြောင်း သိရှိ ရသည်။

 ဆောင်းရာသီတွင်း အပူချိန် အလွန်အမင်း ကျဆင်း လာမှု၏ ရလဒ် အဖြစ် ရေ မျက်နှာပြင် ပေါ်တွင် မြူခိုးများ ဝေဆိုင်း နေပြီး အာတိတ် ရေလမ်း သွားလာမှု အတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်လာကြောင်း ကျွမ်းကျင်သူများက ပြောကြား ခဲ့ကြသည်။ ရော့ခ်လန်ကျွန်း နှင့် အနီးတဝိုက်တွင် အရှေ့ကို မီတာ အနည်းငယ် ခန့်သာ မြင်နိုင် လောက်အောင် မြူ ထူနေသဖြင့် သဘောင်္များ သွားလာမှုကို ရပ်ဆိုင်း ထားစေခဲ့ရသည်။

ပညာရှင်များက အဆိုပါ မြူခိုးများသည် အနုတ်(၁၂) ဒီဂရီ ဖာရင်ဟိုက် အထိ အပူချိန် ကျဆင်းပါက ပေါ်ပေါက် လာတတ်သည့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များဟု ပြောကြား ခဲ့သည်။ ထို့အပြင် ဇန်နဝါရီလအတွင်း အခြားသော ပင်လယ်သမုဒ္ဒရာ များတွင်လည်း အပူချိန် ပြောင်းလဲမှုကြောင့် မြူခိုးများ ထူထပ် လာနိုင်ကြောင်း သုတေသီများက သတိပေးချက် ထုတ်ပြန်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here