တရားသူကြီးကို မကျေနပ်လို့ ကိုယ့်လက်ချောင်းကို ဖြတ်ပစ်သတဲ့

alt

ပေါ်တူဂီလူမျိုး စီးပွားရေး လုပ်ငန်းရှင် တဦး သည် တရားခွင်တွင် ၎င်း၏ လက်ချောင်းကို ဓားနှင့် ဖြတ်ခဲ့ကြောင်း သတင်း ရရှိသည်။

 ၎င်းအနေနှင့် တရားသူကြီးများ ထံသို့ အကြွေး ယူရို (၁၇၀၀၀၀) ကို ဆိုင်းငံ့ ပေးပါရန် အသနားခံ ခဲ့သော်လည်း တရားသူကြီးက ငြင်းပယ် ခဲ့သောကြောင့် သားလှီးဓား ဖြင့် လက်ချောင်းများ ကို လှီးဖြတ်ခဲ့ခြင်းဟု တရားရုံးမှ မျက်မြင်များ က ပြောကြား ခဲ့သည်။ တရားသူကြီး က ၎င်းပိုင် အကျယ် ဟက်တာ (၂၀) ရှိ မြေကွက် အား အတင်းအကြပ် ရောင်းချ စေသောကြောင့် ယခုလို တုန့်ပြန်ခဲ့ခြင်းဟု စီးပွားရေး လုပ်ငန်းရှင် အော်ရီကို ဆေးဗား က ဒေသခံ သတင်း မီဒီယာများ သို့ ပြောကြား ခဲ့သည်။

၎င်း အနေနှင့် ဘဏ်ထဲတွင် ယူရိုငွေ (၁.၂) သန်း ထည့်ဝင် ထားသော်လည်း လောလောဆယ်တွင် ငွေထုတ်ရန် ခက်ခဲနေသောကြောင့် ချေးငွေကို ခေတ္တ ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သော်လည်း တရားသူကြီးက ခေါင်းမာမာ ငြင်းဆန် နေခြင်း ကြောင့် ဒေါသထွက်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်မိကြောင်း ဆေးဗားက ၀န်ခံ ခဲ့သည်။ သူသည် တရားရုံးသို့ မလာခင်ကမှ စူပါမားကတ် တခုတွင် သားလှီးဓား တချောင်း ၀ယ်လာ ခဲ့ကြောင်း၊ တရားသူကြီး ၏ ဆုံးဖြတ်ချက်ကို ကြားလိုက် ရသည် နှင့် ပူထူ သွားပြီး တရားရုံး အတွင်း ခုံတခုံကို အောက်ခံ အဖြစ် အသုံးပြုကာ လက်ချောင်း တချောင်းကို (၃) ပိုင်း ဖြစ်သွားအောင် ခုတ်ဖြတ်ခဲ့ကြောင်း၊ ထိုအတွက် နာကျင်မှုကို မခံစားရဟု ထင်မိခဲ့ကြောင်း ဆေးဗားက ပြောဆို သွားသည်။ ၎င်းအနေနှင့် တရားရုံးအား မထေမဲ့မြင် ပြုမှုဖြင့် အရေးယူ ခံရဖွယ် ရှိကြောင်း လည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here