နယူးယောက်တွင် အစားအသောက်များ အတွက် ကယ်လိုရီပမာဏ ဖော်ပြသွားမည်

alt

အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့တော်ရှိ စားသောက်ဆိုင် များတွင် ရောင်းချသမျှ အစားအသောက် အတွင်း ပါ၀င်နေမည့် ကယ်လိုရီ ပမာဏကို ဖော်ပြ ပေးထားရမည့် အစီအစဉ်ကို စတင် တော့မည်ဟု သိရှိရသည်။

 

စားသုံးသူများ အနေနှင့် မိမိ စားသုံးလောက်သည့် အစားအသောက် မှ ကယ်လိုရီ ပမာဏကို အသေအချာ သိရှိပြီ ချင့်ချိန်မှုများ ပြုလုပ်နိုင်ရန် ယခု အစီအစဉ်ကို အကောင် အထည် ဖော်ခြင်း ဖြစ်သည်။

အမေရိကန်တွင် ဟမ်ဘာဂါ၊ ဟော့ဒေါ့ စသည့် ကယ်လိုရီ အလွန်ကြွယ်ဝသော အစားအသောက်များ စားသုံးနေမှု မြင့်မားပြီး အစားအသောက်ကြောင့် ဖြစ်လာနိုင်သည့် ရောဂါများ ထူပြောလာမှုကို တုန့်ပြန်သည့် အနေဖြင့် ယခုလို ကယ်လိုရီ ပမာဏများ ဖော်ပြခဲ့ခြင်းဟု အမေရိကန် အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့များက ပြောကြားခဲ့သည်။ ထို အစီအစဉ်အား နယူးယော့ခ်တွင် စတင် အကောင်အထည် ဖော်လာပြီး နောက် မကြာမီ ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအထိ တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here