စစ်အစိုးရက မြန်မာ့ရေလုပ်ငန်း အတွက် ငါးဖမ်းလှေ(၁၀၀၀၀) ထောက်ပံ့မည်

alt

မြန်မာနိုင်ငံ အစိုးရသည် (၂၀၀၈)ခုနှစ်၊ မေလဆန်းက တိုက်ခတ်သွားခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် ပျက်စီးသွားခဲ့ရသည့် မြန်မာ့ ရေလုပ်ငန်း များပြန်လည် ထူထောင်ရေး အတွက် ငါးဖမ်းလှေ (၁၀၀၀၀)ကို ထောက်ပံ့ ပေးသွားမည်ဟု သိရသည်။

 ဇန်နဝါရီလ (၁၈)ရက်နေ့ က မြန်မာ့ ငါးလုပ်ငန်း ဦးစီးဌာနက အဆိုပါသတင်းကို အတည်ပြု ကြေငြာခဲ့ပြီး လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသော တံငါသည်များလက်အတွင်း ရောက်ရှိသည် အထိ ထောက်ပံ့ ပေးအပ်သွားမည်ဟု သိရသည်။ လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲနှင့် ငပုတောဒေသများတွင် အဓိကအသုံးပြုရန် ငါးဖမ်းလှေ (၉၅၀၀)ကို တည်ဆောက် နေကြောင်း အစောပိုင်း သတင်းများ အရ သိရှိခဲ့ရသော်လည်း ယခုအခါတွင်မူ စင်းရေ(၁၀၀၀၀) အထိ ပေးအပ်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီး နောက်ပိုင်း မုန်တိုင်းဒဏ်ခံ ဒေသများတွင် အကူအညီ အထောက်အပံ့များ အရေးတကြီး လိုအပ်နေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့နှင့် အခြားသော NGO အဖွဲ့များက ကြေငြာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here