ထိုင်း အာဏာပိုင်များ ရက်စက်မှုကြောင့် ဒုက္ခသည်(၃၀၀)ကျော် ပျောက်ဆုံးနေ

alt

ထိုင်း အာဏာပိုင်များက ၎င်းတို့ နိုင်ငံအတွင်း တရားမဝင် ရောက်ရှိလာသည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များကို အတင်းအကြပ် တိုင်းပြည်သို့ ပြန်စေခဲ့သဖြင့် ကြေကွဲဖွယ် ဖြစ်ရပ်များ ကြံုနေရကြောင်း အမေရိကန် နိုင်ငံထုတ် New York Times သတင်းစာက ဖော်ပြခဲ့သည်။

ထိုင်းလူဝင်မှု အရာရှိများသည် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် လူမျိုးများကို စက်မဲ့ လှေငယ်များဖြင့် ပင်လယ်အတွင်း ပြန်လည် မောင်းထုတ်ခဲ့ပြီး ထိုဖြစ်ရပ်ကြောင့် ဒုက္ခသည်ဦးရေ (၃၀၀)ကျော်မျှ ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ကြီး အတွင်း ပျောက်ဆုံး သွားခဲ့ကြောင်း သတင်းစာတွင် ရေးသား ထားသည်။ ထို့အပြင် ထိုင်းတို့၏ လုပ်ရပ်သည် လူမဆန်ဘဲ စက်ဆုပ်ဖွယ် လုပ်ရပ် ဖြစ်ကြောင်းလည်း သတင်းစာကြီးက ဝေဖန်ထားသည်။ ထိုပျောက်ဆုံး နေသူများသည် ထိုင်း အာဏာပိုင်များ ဖမ်းဆီးရမိသည့် ဒုက္ခသည်(၄၁၀) ပါ၀င်သော အဖွဲ့မှ ဖြစ်ကြောင်း သိရသည်။ ထိုင်း အရာရှိများသည် လှေပေါ်တွင် ဆန်(၂)အိတ်နှင့် သောက်ရေ(၄) စည်မျှ တင်ပေးပြီး ဒုက္ခသည် များကို ရေမျှော လိုက်ခြင်းဖြစ်ကြောင်း New York Times တွင် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here