ဆွီဒင် တောင်ပိုင်းနှင့် အနောက် တောင်ပိုင်းတွင် မကြံုစဖူး အခြေအနေထိ ဆီးနှင်းများ ကျမည်

alt

ဆွီဒင်နိုင်ငံ အနောက်တောင်ပိုင်း ဒေသများတွင် သမိုင်း တလျှောက် နှင်းများ ထူထပ်စွာ ကျဆင်းမှု အများဆုံးအဖြစ် ယခု ရက်ပိုင်းတွင် ကြံုတွေ့ ရနိုင်ကြောင်း ပညာရှင်များက ကြိုတင် သတိပေး ထားသည်။

 ဆွီဒင် နိုင်ငံ၏ ဆောင်းရာသီသည် ဥရောပ တွင်နာမည် ကျော်ပြီး ဖြစ်သော်လည်း ဇန်နဝါရီလ (၁၉)ရက်နေ့ ၀န်းကျင်တွင် မကြံုဖူး လောက်အောင် နှင်းများ ထူထူထဲထဲ ကျဆင်းလာမည့် အလားအလာ ရှိကြောင်း ဆွီဒင်နိုင်ငံ၊ မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားကြသည်။

ဆွီဒင် အနောက်ပိုင်း ကမ်းရိုးတန်းများနှင့် နိုင်ငံ၏ အနောက် တောင်ပိုင်း ဒေသများတွင် ဆီးနှင်းထုမှာ အထူအားဖြင့် (၅) စင်တီမီတာမှ (၁၀) စင်တီမီတာထိ မြင့်တက်လာပြီး မြစ်ချောင်းများအတွင်း ရေများ အေးခဲမှုမှာလည်း ဆက်လက် တည်ရှိ နေဦးမည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ နိုင်ငံအလယ်ပိုင်း တောင်ဘက်ခြမ်းရှိ ဆဗီယာလန်း ဒေသတွင်မူ ထိုမျှ အခြေအနေ ဆိုးနိုင်မည် မဟုတ်သော်လည်း နှင်းကျမှု များမှာမူ ဆက်လက် တည်ရှိနေမည်ဟု သိရသည်။ ထို့အပြင် ပြင်းထန်သော ဆောင်းလေအေးများလည်း ဆက်လက် တိုက်ခတ်ဦးမည် ဖြစ်သောကြောင့် ရာသီဥတု ဆိုးရွားနေမှုသည် နောက်ထပ် သီတင်းပါတ် အတော်များများထိ တည်မြဲ နေနိုင်ကြောင်း ပညာရှင်များက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here