တကမာ္ဘလုံးတွင် ကလေးမွေးဖွားရင်း အမျိုးသမီး ၅၀၀၀ နေ့စဉ်သေဆုံး

alt

ကုလသမဂ္ဂ ကလေးများ ဆိုင်ရာ ရံပုံငွေ အဖွဲ့ကြီး (UNICEF) က ကမာ္ဘတဝှမ်းတွင် နေ့စဉ် အမျိုးသမီး (၅၀၀၀)မှာ ကလေး  မီးဖွားစဉ် သေဆုံး နေကြကြောင်း သတင်း ထုတ်ပြန် လိုက်သည်။

 

ကိုယ်ဝန်ဆောင် အမျိုးသမီးများ မီးတွင်း၌ သေဆုံးနေမှုမှာ ကမာ္ဘ့လူထုအတွက် ထိတ်လန့်စရာ ဖြစ်လာနေကြောင်း UNICEF မှ ဆိုသည်။ (၁၉၉၀)ပြည့်နှစ်မှ စတင်ပြီး ကမာ္ဘတဝှမ်းတွင် အမျိုးသမီး (၁၀)သန်းမှာ မီးဖွားစဉ် ကာလအတွင်း သေဆုံးခဲ့ကြောင်း၊ အများစုမှာ အာဖရိက တောင်ပိုင်း ဆာဟာရနှင့် အာရှတိုက် တောင်ပိုင်း ဒေသများမှ ဖြစ်ကြောင်း UNICEF ၏ ကြေငြာချက်တွင် ပါရှိလာခဲ့သည်။ ထို့အပြင် ကလေးငယ် (၄)သန်းကျော်မှာ မွေးဖွားပြီး (၂၈)ရက်ကျော် အကြာတွင် သေဆုံးခဲ့သည်ဟုလည်း သိရသည်။

UNICEF မှ ကောက်ခံထားသော စစ်တမ်းများအရ အသက်(၁၅)နှစ်မှ (၁၉)နှစ်အတွင်း အမျိုးသမီးငယ်များ မီးဖွားမှုမှာ တစ်နှစ်လျင် (၇၀၀၀၀)ခန့် အနည်းဆုံးရှိပြီး (၅၀၀၀၀)ခန့်မှာ သေဆုံး သွားကြကြောင်း သိရှိရသည်။ UNICEF က (၂၀၁၅)ခုနှစ်တွင် ယခုကဲ့သို့ ကလေးမွေးဖွားစဉ် သေဆုံးရသည့် အမျိုးသမီး အရေအတွက်ကို လက်ရှိပမာဏမှ (၇၀)ရာခိုင်နှုန်းထိ လျှော့ချသွားရန် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း ကြေငြာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here