ထိုင်းနိုင်ငံ မဲလဒုက္ခသည်စခန်းတွင် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များ ရှိနေ

alt

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ ဒုက္ခသည်များ ခိုလှုံနေသည့် ဒုက္ခသည်စခန်း (၉)ခုအနက် အကြီးမားဆုံးဖြစ်သော မဲလစခန်းတွင် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပေါ် နေခြင်းအတွက် ဖြေရှင်းမှုများ ပြုလုပ် သင့်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီမှ အရာရှိများက ပြောကြား လိုက်သည်။

မြန်မာ – ထိုင်းနယ်နိမိတ်တွင် ဖွင့်လှစ်ထားသည့် ထိုဒုက္ခသည်စခန်းအတွင်း မြန်မာ့ ဒုက္ခသည်များ အနိုင်အထက် စော်ကား ခံ နေရခြင်းမှာ ဆယ်စုနှစ် တစ်ခုစာမျှ ရှိနေ ပြီဟု သိရသည်။ ထိုစခန်း အတွင်း နေထိုင် နေသည့် မြန်မာ လူမျိုးများ သည် ထိုင်း နိုင်ငံ အတွင်း အလုပ်အကိုင် ရရှိပြီး ဘဝသစ်ကို နိုင်ငံသစ်တွင် အခြေချရန် မျှော်လင့် နေသော်လည်း လက်တွေ့အားဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု များ၊ အချင်းချင်း ဗိုလ်ကျအနိုင်ယူမှုများ နှင့် မွန်းကြပ် ပိတ်လှောင် နေရကြောင်း လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းများ က ထောက်ပြ ဆွေးနွေး ခဲ့သည်။ ထိုစခန်းတွင်း ခိုလှုံနေ သည့် ဒေါ်မြင့်အေး က နေ့စဉ် ကြံုတွေ့နေသည့် ဒုက္ခသည်များ၏ သနားစရာ ဘဝအတွက် ကြေကွဲ မိသော်လည်း မည်သို့မျှ မကူညီနိုင်ကြောင်း ပြောကြား ခဲ့သည်။

သူမတို့သည် စခန်းအတွင်း အဖွဲ့ဝင် (၁၅) ဦး ပါ၀င်သော ကော်မတီကိုဖွဲ့ကာ ဒုက္ခသည်များ အဆင်ပြေ လုံခြံုစေရေး အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက် ပေးနေကြသည်။ ထိုစခန်းအတွင်း မြန်မာနိုင်ငံမှ တိုင်းရင်းသား မျိုးစုံ အပြင် ဘာသာရေး တွင်လည်း ဗုဒ္ဓဘာသာဝင်၊ ခရစ်ယန် နှင့် မွတ်ဆလင် စသဖြင့် အမျိုးမျိုးရှိကြကြောင်း၊ ထိုစခန်းမှ ဦးစိုးမင်း ဆိုသူက ပြောကြား ခဲ့သည်။

ကော်မတီ အနေ နှင့် မြန်မာများ အချင်းချင်း ရိုင်းပင်း ကူညီကာ ဒုက္ခသည် အားလုံး အဆင်ပြေ နိုင်ရေး တတ်အားသမျှ ဆောင်ရွက်နေကြောင်း၊ သို့သော်လည်း လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ အပါအဝင် အခြားသော ဆိုးရွား သည့် ကိစ္စ အတော် များများကို မဖြေရှင်း နိုင်ကြောင်း ကော်မတီဝင်များ က ၀န်ခံ ပြောဆို ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here