ကလေးငယ်အား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့သူကို ဖမ်းဆီးမိ

alt

အမေရိကန်နိုင်ငံ တက္ကဆက်စ်  ပြည်နယ် တွင် ခလေးငယ် တဦး ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခဲ့သည့် တရားခံဟု ယူဆရသူ အမျိုးသား တဦးအား ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်သည်။

 

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က အသက်(၄၁)နှစ် အရွယ် ဒါရင် ရေး ကတ်ဆဲလ်လ် ဘယ်ရီကို ဖမ်းဆီး ထားကြောင်း အတည်ပြု ပြောဆို ခဲ့သည်။ ၎င်း သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိ နေချိန် တွင် အဖမ်းခံ ခဲ့ရခြင်း ဖြစ်သည်။ အမေရိကန် ရဲတပ်ဖွဲ့က ထိုင်းရဲများ ၏ ဆက်သွယ်မှုကို ရရှိခဲ့ကြောင်း ထုတ်ဖော် ကြေငြာခဲ့ပြီး ဒါရင် အား လွှဲပြောင်း ယူရန် ပြင်ဆင် နေကြသည်။

တက္ကဆတ်ပြည်နယ် ဆိုင်ရာ ရဲဋ္ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ စကော့တ်ဒပ်ဖီက ထိုင်း ရဲများသည် ဒါရင်ကို (၂)ရက်အတွင်း အမေရိကန်သို့ ပြန်ပို့ပေးမည်ဟု ပြောဆိုခဲ့သည်။ ဒါရင် ရေးသည် အမေရိကန်သို့ ပြန်ရောက်ပါက တက္ကဆက်စ်အမှု အပြင် အခြားသော လိင်ပိုင်းဆိုင်ရာ စွဲချက်(၂)ခု အတွက်ပါ ရင်ဆိုင် ရဦးမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here