ဆွီဒင် မှ ဖင်လန်နိုင်ငံ ခွဲထွက်မှု နှစ် ၂၀၀ ပြည့် အထိမ်းအမှတ် ဒင်္ဂါးထုတ်ဝေမည်

alt

ဆွီဒင်နိုင်ငံမှ ခွဲထွက် လာသည့် နှစ် (၂၀၀) ပြည့် အထိမ်း အမှတ်အဖြစ် (၁) ခရိုနာတန် ဒင်္ဂါး ဒီဇိုင်း အသစ် ထုတ်လုပ် သွားမည် ဟု Riksbank မှ ကြေငြာ လိုက်သည်။

(၁၈၀၉) ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့က ဆွီဒင် နိုင်ငံပိုင် အေလန်ကျွန်း မှ တော်လှန်သူများ သည် ဆွီဒင် အစိုးရ လက်မှ ခွဲထွက်ကာ သီးခြား နိုင်ငံ တစ်ခု ထူထောင် ခဲ့ ကြသည်။ ထို နိုင်ငံ မှာ လက်ရှိ ဖင်လန် နိုင်ငံ ဖြစ်လာခဲ့ပြီး ရုရှား နိုင်ငံနှင့် ဘောလ်တစ် ပင်လယ်ပြင် စိုးမိုးနိုင်ရေး အပြိုင်အဆိုင် စစ်ပွဲများ ဆင်နွှဲခြင်း၏ ရလဒ် အဖြစ် ပေါ်ထွန်း လာသည့် နိုင်ငံ လည်း ဖြစ်သည်။ ဆွီဒင်နှင့် ရုရှား တို့ ချုပ်ဆိုခဲ့သည့် Fredrikshamn စာချုပ်ကြောင့် ဆွီဒင် နိုင်ငံသည် နှစ်ပေါင်း (၆၅၀) လွှမ်းမိုး လာသည့် အေလန်ကျွန်း ကို လွတ်လပ် ခွင့် ပေးခဲ့ရပြီး ဖင်လန် အစိုးရ အား အသိအမှတ် ပြု ခဲ့ရသည်။

ယခု အခါ တွင် အဆိုပါ သမိုင်းတွင် စာချုပ် ချုပ်ဆို ခဲ့သည့်နေ့အား ဂုဏ်ပြုရေး အတွက် ဆွီဒင်သုံး (၁) ခရိုနာတန် ဒင်္ဂါးများ ကို ဆွီဒင်လူမျိုး ဒီဇိုင်းပညာရှင် အေနီဝင်းဘလတ် ဂျာကူဘိုးစကီး က ပုံစံသစ်ဖြင့် ထုတ်လုပ် ပေးသွားရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ ထိုဒင်္ဂါးများ ကို နှစ်နိုင်ငံ ခွဲခြား ခဲ့သည့် နှစ်(၂၀၀) ပြည့် အထိမ်းအမှတ် နေ့တွင် စတင် ဖြန့်ဝေ သွားမည် ဖြစ်ပြီး ယခု လုပ်ရပ်သည် ဆွီဒင် နှင့် ဖင်လန်ကြား ချစ်ကြည် ရင်းနှီးမှု ခိုင်မာရေး အတွက် အရေးပါ သည့် လုပ်ဆောင်မှု တစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း နှစ်နိုင်ငံ အစိုးရများ က ကြေငြာ ခဲ့သည်။ ဒင်္ဂါး ပုံစံသစ် တွင် ယခင်က ဆွီဒင် နန်းတွင်း အထွတ်အမြတ် သရဖူပုံ အစား နှစ်နိုင်ငံကြား ပင်လယ် နယ်နိမိတ်နှင့် ဆွီဒင်၊ ဖင်လန် ဆက်နွယ်မှု ပုံစံများ ရိုက်နှိပ် ဖော်ပြ သွားမည်ဟု သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here