ဆွီဒင်တွင် အသက်ငယ်ငယ်နှင့် ဆေးလိပ်သောက်သည့် မိန်းကလေးဦးရေ များပြား

alt

ဆွီဒင်နိုင်ငံရှိ မိန်းကလေးများ သည် အသက်ငယ်ငယ်နှင့် ဆေးလိပ်သောက် တတ်သော အရေအတွက် တဖြည်းဖြည်း တိုးတက် လာနေကြောင်း စစ်တမ်းများအရ သိရှိရသည်။

အခြားသော ဥရောပနိုင်ငံများထက် ဆွီဒင်နိုင်ငံရှိ အသက်(၁၄)နှစ် အောက် မိန်းကလေးငယ် များ ဆေးလိပ်သောက်မှုမှာ ပိုမို တိုးပွားလာကြောင်း၊ အသက်ငယ်ငယ် နှင့် ဆေးလိပ်သောက် နေသည့် ဆွီဒင် မိန်းကလေး အရေအတွက် မှာ ယခင်ထက် နှစ်ဆထိ များလာနေကြောင်း သုတေသီများက လေ့လာ တွေ့ရှိ ခဲ့ကြသည်။ ထို အခြေအနေ အတွက် ပြည်သူ့ ကျန်းမာရေးဌာန ပညာရှင်များ က စိုးရိမ်လျက် ရှိနေကြသည်။

အခြားသော ဥရောပနိုင်ငံများ ထက် ဆွီဒင်မှ မိန်းကလေးငယ်များ သည် ဆေးလိပ်၊ ဆေးရွက်ကြီး တို့နှင့် ထိတွေ့မှု ပိုမို မြန်ဆန် နေကြောင်း၊ ထိုအခြေအနေ သည် အလွန် သတိထား ရမည့် အနေအထား ဖြစ်ကြောင်း ဆွီဒင်အ မျိုးသား ပညာရေးဦးစီးအဖွဲ့မှ ပြည်သူ့ ကျန်းမာရေး ဌာန ပညာရှင် တစ်ဦးဖြစ်သူ မာဂရက်တာ ဟက်လန်က ပြောကြား ခဲ့သည်။ ပညာရှင်များ ၏ အဆိုအရ အသက် (၁၅) နှစ်အောက်တွင် ဆေးလိပ် စသောက်သူ တစ်ဦး သည် အသက် ၂၅ နှစ်တွင် ဆေးလိပ် စသောက်သူ တစ်ဦးနှင့် သောက်သုံးမှု ပမာဏ တူညီနေလျင်ပင် အဆုတ်ကင်ဆာ ဖြစ်ပွား နိုင်ခြေမှာ ၄ ဆအထိ တိုးမြင့် နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here