အမီတာ ဘာဂျမ်း က Slum Dog Millionaire ရုပ်ရှင်ကို ဝေဖန်

alt

ဘောလီးဝုဒ် ရုပ်ရှင် လောကတွင် စတား တဦးဖြစ်သော အိန္ဒိယ မင်းသား အမီတာဘားဂျမ်း က Slum Dog Millionaire ရုပ်ရှင်အား ဝေဖန် လိုက်သည်။ ထို ရုပ်ရှင် သည် အောင်မြင်မှု ရရှိသော်လည်း ပရိသတ်အတွက် တစုံတရာ ပေးဆပ် နိုင်သည့် အရည်အသွေးမျိုး မရှိဟု ဘာဂျမ်းက ဆိုသည်။

အဆိုပါ ဇာတ်ကားအား ဗြိတိန် နိုင်ငံသား ဒါရိုက်တာ ဒန်နီဘွိုင်းလ် က ရိုက်ကူးပြီး ယခုနှစ် အတွက် ရွှေကမာ္ဘလုံးဆု ရရှိသည် အထိ အောင်မြင် ခဲ့သော်လည်း ထို ဆုရရှိခြင်း သည် မထိုက်တန် ဟု ဝေဖန်မှုများ လည်း ပေါ်ပေါက် ခဲ့သည်။ ထိုဇာတ်ကား မှာ အိနိ္ဒယ နိုင်ငံမှ ဗိုင်ကတ်စ် ဆွာရတ် ၏ စာအုပ်ကို အခြေခံ ကာ ရိုက်ကူးထား ခြင်း ဖြစ်ပြီး အော်စကာဆု ရရှိရန် အတွက်ပါ ရေပန်းစား နေသော ရုပ်ရှင် ဖြစ်သည်။

လာမည့်လ အတွင်း ဗြိတိန်တွင် ပေးအပ် ချီးမြှင့်မည့် အော်စကာဆု ဆန်ခါတင် (၁၁) ကားစာရင်း တွင် ပါ၀င် နေဆဲဖြစ်ပြီး အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဗြိတိသျှ ရုပ်ရှင်ဆု နှင့် အကောင်းဆုံး ဒါရိုက်တာဆု များအတွက် တစ်ပြေး နေ သည်။ အမီတာ ဘာဂျမ်း သည် မီလျံနာ သူဌေး ဖြစ်နိုင်ရန် ကြိုးပမ်းနေသည့် လူတစ်ဦး ၏ဘဝကို ရိုက်ကူး ထားသော အိန္ဒိယ ရုပ်ရှင် Kaun Banega Crorepati တွင် ပါ၀င် ခဲ့ဖူးပြီး ထိုဇာတ်ကား သည် Slum Dog နှင့် အခြေခံ ခြင်း တူညီ သည်။ ဘတ်ချမ်းက Slum Dog သည် တတိယ ကမာ္ဘ၏ လူမှုရေး အညစ်အကြေး ရှုပ်ထွေးမှုများ ကို နှိုးဆွ ထားသည့် ဇာတ်ကား သာဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here