မလေးအစိုးရ မဲဝယ်ခဲ့ကြောင်း အတိုက်အခံ ခေါင်းဆောင် စွပ်စွဲ

alt

မလေးရှားနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဘရာဟင် က နိုင်ငံ အစိုးရသည် ရွေးကောက်ပွဲ တွင် အနိုင် ရရှိအောင် ထောက်ခံ မဲများ ၀ယ်ယူ ခဲ့သည်ဟု စွပ်စွဲ လိုက်သည်။

မဲများရရှိရန် ငွေကြေးဖြင့် မြှူဆွယ်မှုများ ရွေးကောက်ပွဲ ကာလ သီတင်းပါတ်အတွင်း အစိုးရ လိုလားသူများက ပြုလုပ် ခဲ့သည်ဟု အန်ဝါက ဆိုသည်။ ပြီးခဲ့သော နှစ် က ပြုလုပ် ခဲ့သော ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သတ်ပြီး အန်နဝါ နှင့် အတိုက်အခံများ ဘက်မှ ယခုတိုင် မကျေနပ်နိုင်သေးဘဲ အတိုက်အခံများ ဘက်သို့ ယိမ်းယိုင် နေသည့် တရုတ်အနွယ်ဝင် မလေးလူမျိုးများ ကို အစိုးရက ငွေကြေးဖြင့် ဆွဲဆောင် သိမ်းသွင်း ခဲ့ကြောင်း အန်နဝါ က အတိအလင်း ကြေငြာ ခဲ့သည်။

အတိုက်အခံ ပါတီ Pakatan Rakyat အနေ နှင့် အစိုးရ ၏ မရိုးသားသော လုပ်ဆောင်မှုများ ကြောင့် အရေးနိမ့် ခဲ့ခြင်း ဖြစ်ပြီး အစိုးရ အနေ နှင့် တိုင်းရင်းသား မွတ်ဆလင် လူမျိုးစုများ ကိုသာမက တရုတ် အနွယ်ဝင် နိုင်ငံသားများ ၏ ထောက်ခံ မဲများ ကိုပါ လှည့်ဖျား ရယူ သွားကြောင်း အန်နဝါ က ပြောဆို သည်။ အန်နဝါ ၏ အဆိုအရ မလေးရှား အာဏာရပါတီသည် ထောက်ခံ မဲတစ်မဲအတွက် (၈၅) ဒေါ်လာမှ (၁၁၀) ဒေါ်လာထိ ငွေကုန်ကြေးကျ ခံခဲ့ကြောင်း သိရှိ ရသည်။ အန်နဝါ၏ စွပ်စွဲ ပြောဆိုမှုသည် မလေးရှား နိုင်ငံရေး အတွက် ရိုက်ခတ်မှုများ ရှိခဲ့ပြီး အစိုးရ ဘက်မှမူ အန်နဝါ ၏ စကားကို ငြင်းဆန် ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here