အိန္ဒိယ ဒုတိယ အကြီးအကဲ မြန်မာ နိုင်ငံ သို့ သွားရောက် မည်

alt

အိန္ဒိယ နိုင်ငံသည် အရှေ့ဘက် အိမ်နီးချင်း မြန်မာ နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရေး ခြေလှမ်းသစ် တစ်ခုအဖြစ် အိန္ဒိယနိုင်ငံ ဒုတိယ သမတ ဟာမစ် အန်ဆာရီ မှာ မြန်မာ နိုင်ငံသို့ အလည်အပတ် သွားရောက်ရန် ပြင်ဆင် ထားကြောင်း သိရှိ ရသည်။

ဒေသတွင်း သဘာဝ ဓာတ်ငွေ့ အကြွယ်ဝဆုံး ထွက်ရှိ နေသည့် နိုင်ငံ တစ်ခု ဖြစ်သော မြန်မာ နိုင်ငံ သည် အရှေ့တောင် အာရှ နိုင်ငံများ အစည်းအရုံး (ASEAN) ၏ အဖွဲ့ဝင် နိုင်ငံ တစ်ခု ဖြစ်ပြီး အန်ဆာရီ သည် ထိုင်းနိုင်ငံ တွင် ကျင်းပမည့် ASEAN ထိပ်သီး အစည်းအဝေး မတိုင်မီ မြန်မာ နိုင်ငံ သို့ သွားရောက် ရန် ပြင်ဆင် ထားခြင်း ဖြစ်သည်။ အိန္ဒိယ အစိုးရ ပိုင်း က အန်ဆာရီ ၏ မြန်မာ နိုင်ငံ ခရီးစဉ် သည် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု အတွက် ကောင်းမွန် သော ခြေလှမ်း တစ်ခု ဖြစ်လာစေရေး မျှော်လင့် ထားကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ နှင့် မြန်မာ တို့ သည် ယခုနှစ် ပိုင်းများ အတွင်း ဆက်ဆံရေး တိုးတက် ကောင်မွန် လာနေပြီး ရခိုင်ပြည်နယ် အတွင်း သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး ဇုန် (၃) ခုတို့တွင် အိန္ဒိယ ကုမ္ပဏီများ လုပ်ငန်း ဆောင်ရွက်ရန် မြန်မာ စစ် အစိုးရ က ခွင့်ပြု ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here