Coca Cola ကုမ္ပဏီ တရားစွဲ ခံရ

alt

အမေရိကန်မှ စားသုံးသူ တစ်စုက Coca Cola ၏ ထုတ်ကုန် တစ်ခုဖြစ်သော Vitamin Water သည် ကျန်းမာရေးအတွက် ထိခိုက်မှုများ ဖြစ်ပေါ် လာစေကြောင်း စွပ်စွဲကာ ဥပဒေ ကြောင်း အရ တရားစွဲ ခဲ့ကြောင်း သိရှိ ရသည်။

အဆိုပါစွဲချက် ကို အမေရိကန် နိုင်ငံ မြောက်ပိုင်းကယ်လီဖိုးနီးယား တရားရုံး က ဇန်နဝါရီလ (၁၄) ရက်နေ့ က စတင် အတည်ပြု ကြားနာ ခဲ့ပြီး ထိုဖြစ်ရပ် သည် အမေရိကန် ကျန်းမာရေး ဆိုင်ရာ ပညာရှင်များက ကမာ္ဘ့အကြီးကျယ်ဆုံး အချိုရည် လုပ်ငန်း စုကြီး အနေနှင့် ၎င်း၏ ထုတ်ကုန်များ ၏ အရည်အသွေး ကို အလေးထား စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း သတိပေးပြီး တပါတ်အကြာတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

Coca Cola ကမူ ယခု စွဲချက် အား အခြေအမြစ် မရှိဟု တုန့်ပြန် ခဲ့သည်။ အမေရိကန် အစားအသောက် နှင့် ဆေးဝါး ဆိုင်ရာ စောင့်ကြည့်ရေး အသင်းကြီး က Coca Cola တွင် သတ်မှတ် ခွင့်ပြုသော ပမာဏထက် ဓာတု ပစ္စည်းများ ပိုမို သုံးစွဲ ထားကြောင်း ပြောကြား ခဲ့သေးသည်။ တရားစွဲ ဆိုထားသူများ ဘက်မှ ရှေ့နေ ဖြစ်သူက Vitamin Water အတွင်း သကြားပမာဏ (၃၃) ဂရမ်ထိ ထည့်သွင်း ထားမှုသည် ဆီးချို ဖြစ်နိုင် ခြေကို ဆိုးဆိုးရွားရွား တိုးပွား လာစေကြောင်း၊ ထိုကဲ့သို့ အလွန်အကျွံ သုံးစွဲ ထားသည့် အခြားသော ဓာတ်ပစ္စည်းများ လည်း အဆိုပါ အားဖြည့် အချိုရည်ထဲ တွင် ပါ၀င် နေ သေးကြောင်း စွပ်စွဲ ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here