၂၀၁၀ တွင် စတော့ဟုမ်းလ်၌ 4 ဂျီဂါဘိုက် မိုဘိုင်းလ် ကွန်ယက် စတင်မည်

alt

စတော့ဟုမ်းလ် မြို့တော် တွင် (၂၀၁၀) တွင် 4G မိုဘိုင်းလ် ကွန်ယက် အစပြု နိုင်မည်ဟု ဆွီဒင်နိုင်ငံ ဆက်သွယ်ရေး ၀န်ကြီး ဌာနက ခန့်မှန်း ထားသည်။

အလွန် မြန်နှုန်း မြင့်မည့် အဆိုပါ နည်းပညာ သစ် ကွန်ယက် စနစ်ကို Ericsson နှင့် TeliaSonera ကုမ္ပဏီများ ပူးပေါင်း လုပ်ကိုင် မည်ဖြစ်ပြီး လုပ်ငန်း အကောင်အထည် ဖော်ရေး စာချုပ် ကို ကြိုတင် ချုပ်ဆို ထားပြီး ဖြစ်ကြောင်း သိရ သည်။ ဆွီဒင် နှင့် ဖင်လန် နိုင်ငံများ အတွက် telecom နည်းပညာ ထောက်ပံ့ရေး ကုမ္ပဏီ ဖြစ်သည့် TeliaSonera အတွက် Ericsson နှင့် ပထမဆုံး အကြိမ် စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တစ်ခုလည်း ဖြစ်လာ ခဲ့ပြီး 4G ကွန်ယက်သည် လက်ရှိ အသုံးပြု နေသည့် ကွန်ယက် စနစ်များ ထက် ပိုမို မြန်ဆန် မည်ဟု TeliaSonera က ပြောကြား ခဲ့သည်။

Ericsson ၏ ကြေငြာချက် အရ စတော့ဟုမ်းလ် တွင် အစပြုမည့် 4G ကွန်ယက်သည် မိုဘိုင်းလ်ဖုန်း နှင့် Laptop အသုံးပြု သူများ အတွက် Real- time Performance များ ရရှိ ခံစား နိုင်စေမည် ဟု သိရသည်။ ထို စနစ် အရ မိုဘိုင်းလ် နှင့် Laptop များ အသုံးပြုကာ ကြည်လင် ပြတ်သား သော ရုပ်မြင်သံကြား အစီအစဉ်များ ကြည့်ရှု နိုင်မည် ဖြစ်ကြောင်း Ericsson က အတည်ပြု ပြောဆို ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here