အစိုးရ ဝေဖန်ရေး ဆောင်းပါးများရေးသည့် သီရိလင်္ကာ သတင်းစာ အယ်ဒီတာ သေနတ်ပစ်ခံရ၍ သေဆုံး

alt

အစိုးရဝေဖန်ရေး ဆောင်းပါးများ ရေးသားလေ့ရှိသည့် သီရိလင်္ကာနိုင်ငံသား ထိပ်တန်း သတင်းစာ အယ်ဒီတာတဦးမှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

 

ခေါင်းတွင် ရရှိခဲ့သော သေနတ်ဒဏ်ရာကို ကြိုးစား ခွဲစိတ် နေသော်လည်း (၃)နာရီ အကြာတွင် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖေါ်ပြောဆို လိုက်သည်။ မြို့တော် ကိုလံဘိုတွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်မှုအတွင်း လက်ပစ်ဗုံးများ ကိုင်ဆောင်ထားသည့် သေနတ်သမားများ လာဆန်သာ ၀စ်ကရာ မာတွန်ဂါ ကို မော်တော် ဆိုင်ကယ်ပေါ်မှ တဆင့် ပစ်ခတ်သွားခဲ့ကြသည်။

ဒီဇင်ဘာလ (၆)ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါ သတ်ဖြတ်မှုကြောင့် သတင်းထောက်များ မကြာခဏ ရန်ပြုခံနေရသည့် သီရိလင်္ကာနိုင်ငံ အတွက် စိုးရိမ်စရာ အခြေအနေ တစ်ရပ်ဆီ ဦးတည်လာစေခဲ့သည်။ သီရိလင်္ကာနိုင်ငံသည် ကမာ္ဘပေါ်တွင် သတင်းထောက်များ ခြိမ်းခြောက်သတ်ဖြတ်မှု အမြင့်မားဆုံး ကြံုတွေ့နေရသည့် နိုင်ငံတစ်ခုဖြစ်ပြီး ယခုလည်း Sunday Leaderသတင်းစာ အယ်ဒီတာ လာဆန်သာ လုပ်ကြံခံရမှုကြောင့် သီရိလင်္ကာ အစိုးရအတွက် ဝေဖန်မှုများနှင့် ထပ်မံ ကြံုတွေ့ရဖွယ်ရာ ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here