ရုရှား၏ ရေနံပိုက်လိုင်းများ ပိတ်ဆို့လိုက်မှုကို နေတိုးသတိပေး

alt

NATO အဖွဲ့က ရုရှားနိုင်ငံသည် ဥရောပသို့ ပို့ဆောင်ပေး နေသည့် ရေနံ ပိုက်လိုင်းများကို နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပိတ်ထား လိုက်မှုအတွက် သတိပေး လိုက်ပြီဖြစ်သည်။

ယူကရိန်းသို့ သွယ်တန်းထားသော ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းများအား ရုရှားဝန်ကြီးချုပ် ပူတင်က ပိတ်ဆို့ ထားလိုက်စေခြင်းကြောင့် ဥရောပ ဒေသအတွင်း စွမ်းအင်ဆိုင်ရာ အခက်အခဲများ ကြံုတွေ့ခဲ့ရခြင်း အပေါ် NATO က မကျေမနပ် ဖြစ်လျက်ရှိနေသည်။  ရုရှားနှင့် ယူကရိန်းတို့ အငြင်းပွား နေမှုအား ဥရောပ ယူနီယံက ဖြန်ဖြေ ပေးနိုင်ရေးအတွက် မော်စကိုနှင့် ကိယက်ဗ်မြို့ များသို့ ညှိနှိုင်းရေးအဖွဲ့များ စေလွှတ်ရန် စီစဉ်ခဲ့သော်လည်း ရုရှားအစိုးရက ခေါင်းမာမာနှင့် ငြင်းဆန် နေခဲ့သည်။ လက်ရှိ အချိန်တွင် ဥရောပမှ နိုင်ငံပေါင်း (၁၂)နိုင်ငံတို့မှာ အေးမြသော ဆောင်းရာသီ၏ အေးခဲမှုအား အံတုနိုင်မည့် အရံလောင်စာ မလုံလောက်မှုကြောင့် ကျောင်းများကိုပင် ပိတ်ထား လိုက်ရသည်။

အထူးသဖြင့် ဘော်လ်ကန်ဒေသရှိ လူပေါင်းများစွာတို့သည် လောင်စာဆီပြတ်လပ်မှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး NATOက ယခုပိတ်ပင်မှုအား ချက်ချင်းရပ်ဆိုင်းရန် ရုရှားအား တောင်းဆိုထားသည်။ ယခုလုပ်ရပ်သည် မည်သူ့အတွက်မှ အကျိုးမရှိကြောင်း၊ ရုရှား၏ ပိတ်ဆို့မှုသည် ၎င်းတို့အကြောင်းပြ ထားသည့် နိုင်ငံအတွင်း လောင်စာလိုအပ်ချက်ကို ဖြည့်တင်းရန်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း NATO က စွပ်စွဲထားပြီး ရုရှားအနေနှင့် ဥရောပ ဒေသအား ထိခိုက်စေရန်သက်သက် ရည်ရွယ်လုပ်ဆောင်နေခြင်းကို ရပ်တန်းကရပ်ရန် သတိပေးလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here