အက်တမ် စွမ်းအင်သုံး လက်တော့ပ် ဆိုနီက ထုတ်လုပ်လိုက်

alt

Atom စွမ်းအင်သုံး Laptop အသေးစား တမျိုးကို Sony က ထုတ်လုပ် လိုက်ပြီ ဖြစ်သည်။

P-Series အဆိုပါ Laptop ကို လတ်စ်ဗေးဂက်စ်တွင် မိတ်ဆက်ပြသခဲ့ပြီး (၈)လက်မအရွယ် Monitor တပ်ဆင် ထားသည့် အလျား (၂၄) စင်တီ မီတာ၊ အနံ(၁၁) စင်တီမီတာနှင့် ထု(၂)  စင်တီမီတာ ရှိသော Laptop ငယ်လေးအား အိတ်ကပ်အတွင်း ထည့်သွင်း သယ်ယူသွားနိုင်မည့် ကွန်ပျူတာလေး အဖြစ် ရည်ရွယ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

Keyboardစနစ်အတွက် လက်ရှိအသုံးပြုနေသော Netbookကို အခြေခံထားသည့် Laptopလေးသည် Mini Notebookချစ်သူများအကြား ရေပန်းစားမည့် ထုတ်ကုန်တစ်ခု ဖြစ်လာလိမ့်မည်ဟု Sonyက မျှော်လင့်ထားသည်။ယခု ကွန်ပျူတာငယ်အတွင်း Intel Z520 Atom Processorကို တပ်ဆင်ထားပြီး Screen Displayမှာ 1600×768 အရည်အသွေးရှိမည်ဖြစ်သည်။ Sonyက Laptopသစ်လေး၏ ပုံသဏ္ဍန်ကြောင့် အမျိုးသမီး ပရိသတ်ကို ပိုမိုဆွဲဆောင်နိုင်မည်ဟု ယုံကြည်ထားသည်။

Wi-Fiဖြင့် အင်တာနက် ချိတ်ဆက်နိုင်မည့် အဆိုပါ Laptopလေးသည် Bluetoothကဲ့သို့ Accessoryများ အစုံအလင် ပါရှိမည်ဖြစ်သည်။ ထို့ပြင် ဂြိုဟ်တု ဆက်သွယ်ရေး စနစ်သုံး GPSကိုပါ ထည့်သွင်းပေးထားကြောင်း သိရှိရသည်။ Vaio Pဟု အမည်ပေးထားသည့် အဆိုပါ Laptopလေးကို ဇန်နဝါရီလ (၁၆)ရက်နေ့တွင် ဂျပန်နိုင်ငံအတွင်း စတင် ရောင်းချမည်ဖြစ်ပြီး ရောင်းဈေး ဒေါ်လာ (၉၀၀) ခန့် ကျသင့်နိုင်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here