အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အတွက် လက်မလျှော့ဟု ဟီလာရီကလင်တန် ပြောကြား

alt

ဟီလာရီ ကလင်တန် က အမေရိကန် အစိုးရအနေ နှင့် အရှေ့ အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေး အတွက် လက်လျှော့မည် မဟုတ်ဟု ကြေငြာ လိုက်သည်။

ဇန်နဝါရီလ (၂၀) ရက်နေ့တွင် အိုဘားမား အိမ်ဖြူတော်တွင် စတင် ရုံးထိုင်ပါက နိုင်ငံခြားရေး ၀န်ကြီး တာဝန် ကို စတင် ထမ်းဆောင်မည့် ဟီလာရီက အီရန် နှင့် ဆီးရီးယားကဲ့သို့ နိုင်ငံများ အနေ နှင့် အမေရိကန် အစိုးရသစ် ကို လျှော့တွက် ပါက မှားမည်ဟု အတိအလင်း ပြောဆို ခဲ့သည်။ ထိုဒေသ သည် ငြိမ်းချမ်းရေး ရရှိရန် ခက်ခဲကြောင်း၊ သို့သော်လည်း အစိုးရ အနေ နှင့် လက်လျှော့မည် မဟုတ်ကြောင်း ဟီလာရီက ပြောကြား သွားသည်။ ထို့အပြင် အမေရိကန် နိုင်ငံ အနေနှင့် အစ္စရေး၏ နိုင်ငံလုံခြံုရေး ဆောင်ရွက်ချက် အတွက် ရပ်တည်မည်ဖြစ်သော်လည်း ပါလက်စတိုင်း အပြစ်မဲ့ ပြည်သူများ သေကြေနေမှု ကို လက်မခံ ကြောင်း ပြောဆို ခဲ့သည်။

အစ္စရေး အနေ နှင့် နိုင်ငံ လုံခြံုရေး အတွက် အကောင်းဆုံး ဆောင်ရွက် နိုင်မည့် နည်းလမ်းမှာ ဒေသ တွင်း နိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင် ရေးသာ ဖြစ်သည်ဟု ဟီလာရီ က ဆိုသည်။ အသက် (၆၁) နှစ်ရှိ ဟီလာရီက အမေရိကန် သမ္မတ အဆက်ဆက် သည် အရှေ့အလယ်ပိုင်း အရေးအခင်း များ အတွက် ထဲထဲဝင်ဝင် ဆောင်ရွက် ခဲ့ကြကြောင်း၊ အိုဘားမား လက်ထက် တွင်လည်း ထို အစဉ်အလာ အတိုင်း ဆက်ရှိ နေမည်ဖြစ်ကြောင်း ကတိပြု ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here