အစ္စရေးတို့အား နာဇီများဟု ဆွီဒင်နာမည်ကျော် စာရေးဆရာ စွပ်စွဲ

alt

ဆွီဒင်၏ နာမည်ကျော် နိုင်ငံရေး သမား တစ်ဦး ဖြစ်သူ အင်ဂယ်လီ ဘဂျာတန် က အစ္စရေး သည် နာဇီများ ကဲ့သို့ ပြုမူ နေကြောင်း စွပ်စွဲ လိုက် သည်။

ဂါဇာဒေသ အား တိုက်ခိုက်နေသည့် အစ္စရေးတပ်များ ၏ အပြုအမူ သည် ဒုတိယ ကမာ္ဘစစ်အတွင်းက သူတပါး နယ်မြေများ ကို အတင်းအကြပ် ၀င်ရောက် သိမ်းပိုက် ခဲ့သည့် နာဇီ စစ်တပ်များ နှင့် အလားသဏ္ဍန် တူကြောင်း ၎င်းက ဆိုသည်။ ဂါဇာ အပေါ် တိုက်ခိုက်မှု အတွက် အစ္စရေး ၏ လုပ်ရပ်ကို အံ့ဩမိကြောင်း၊ နာဇီတို့ ၏ မျိုးဖြုတ် သတ်ဖြတ်မှု ကို ခါးသီးစွာ ခံစားခဲ့ ရသည့် ဂျူးလူမျိုးများ သည် နာဇီတို့ ၏ လုပ်ရပ် အတိုင်း တသွေမတိမ်း လိုက်လံ ကျင့်သုံးနေ သည်ကို နားမလည် နိုင်အောင် ဖြစ်မိ ကြောင်း ဆွီဒင်သတင်းစာ Sydsvenskan သို့ ပြောကြား သွားသည်။ ၎င်းသည် ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲ တွင် အစ္စရေး နှင့် ဆွီဒင်တို့ တွေ့ဆုံယှဉ် ပြိုင်မည့် အချိန် မတိုင်မီ ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဘဂျာတန် က ၎င်း၏ စကားသည် နိုင်ငံရေး သမား တစ်ဦး အနေနှင့် ပြောဆို ခြင်းမျိုး မဟုတ်ဘဲ၊ လူသားချင်း စာနာမှုကို လက်ကိုင် ထားသည့် သာမန်ဆွီဒင် နိုင်ငံသား တစ်ဦး အနေနှင့် ပြောကြားခြင်း သာဖြစ်ပြီး အစ္စရေး ၏ တိုက်ခိုက်မှု ကို ကျူးကျော်မှု အဖြစ်သာ ယုံကြည် ထားကြောင်း ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here