နျူကလီးယား လက်နက်များ ဆက်လက် ထုတ်လုပ်မည် မြောက်ကိုရီးယား ပြောကြား

alt

မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက်များ ဆက်လက် ထုတ်လုပ်သွားရန် စီစဉ် ထားကြောင်း ဇန်နဝါရီလ (၁၃) ရက်နေ့က ထုတ်ပြန် ကြေငြာ လိုက်သည်။

အမေရိကန် နှင့် တောင်ကိုရီးယား တို့သည် မြောက် ကိုရီးယား ၏ သိုဝှက် ထားသော အဖျက်လက်နက်များ ဖျက်ဆီးပစ်ရန် သံတမန် နည်းလမ်းဖြင့် ချဉ်းကပ် လိုသော်လည်း ယခုအခါ မြောက်ကိုရီးယား အစိုးရပိုင်း က ၎င်းတို့၏ တင်းမာသော သဘောထားကို အတိအလင်း ပြသလိုက်ပြီဖြစ်သည်။ မြောက်ကိုရီးယား ၏ ကြေငြာချက်ကြောင့် ဒေသ တွင်း အင်အားကြီး နိုင်ငံများ ဖြစ်သော ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား တို့ အတွက် သတိထား  စရာ ဖြစ်လာ နေခဲ့သည်။

မြောက်ကိုရီးယား အစိုးရ ထုတ်ပြန် ကြေငြာ ခဲ့သည့် အချက်များ အတွင်း အမေရိကန် ကသာ နျူကလီးယားဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ် နေခြင်း ဖြစ်ကြောင်း၊ အမေရိကန် ဘက်မှ တောင်ကိုရီးယား သို့ နျူကလီးယား နည်းပညာများ ဖြန့်ဝေခြင်း မပြုလျင် ၎င်း တို့ ဘက်မှ လည်း အက်တမ်ဗုံးများ ထုတ်လုပ်ရန် မလိုအပ်ကြောင်း၊ ယခုမူ အမေရိကန် စနက်ကြောင့် နိုင်ငံအနေ နှင့် ကာကွယ်ရေး ကို အရှိန်မြှင့်ရန် လိုအပ်သော လုပ်ဆောင်မှု မှန်သမျှ ပြုလုပ် သွားမည် ဖြစ်ကြောင်း ပါရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here