Microsoft ၏ Windows 7 Beta အဆင့်တွင် IE8 ကိုပါ ထည့်သွင်းပေးထား

alt

Microsoft မှ ထုတ်ပေးလိုက်သော Windows 7 ၏ Beta Version တွင် Internet Explorer Version 8 ကိုပါ ထည့်ပေး ထားကြောင်း သိရသည်။

Microsoftက Windows 7 Beta တွင် IE8 Beta ကိုပါ တခါတည်း ထည့်ပေး ထားသောကြောင့် စမ်းသပ် အသုံးပြုသူများ အနေနှင့် ထုတ်ကုန် နှစ်မျိုးလုံး နှင့် ထိတွေ့ခွင့် ရနိုင် မည်ဖြစ်ကြောင်း ပြောကြား သွားသည်။ IE8 အသစ်တွင် Feature အသစ်များ ပါ၀င် လာမည် ဖြစ်ပြီး ယခင် IE8 Beta 1 Version တွင် အဆိုပါ Feature များ ပါ၀င်ခြင်း မရှိပေ။ ယခု ထုတ်ကုန် နှစ်မျိုးလုံး ကို ဒုတိယ မျိုးဆက် Beta Version များအဖြစ် သာ သတ်မှတ် ထားသေး ကြောင်းနှင့် နောက်ထပ် ဖြည့်စွက်မှုများ ထပ်မံ ပြုလုပ် ဦးမည် ဖြစ်ကြောင်း Microsoft က ကြေငြာသည်။

Microsoft အနေနှင့် ၎င်း၏ Browser သစ် IE8 ကို မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိထားပြီး IE8 icon ပေါ်တွင် Right Click နှိပ်ရုံမျှ နှင့် စိတ်ကြိုက် ၀က်ဘ်ဆိုက်များ Customize ပြုလုပ် နိုင်မည့် နည်းပညာကဲ့သို့သော ၀န်ဆောင်မှုများ ထည့်သွင်း ပေးထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here