HIV ကူးစက်မှုသည် သွေးအမျိုးအစားကိုလိုက်၍ ပြောင်းလဲနိုင်

alt

ဆွီဒင်နိုင်ငံ မှ ပညာရှင်များ က ခုခံအားကျဆင်းမှု AIDS ရောဂါကို ဖြစ်ပွားစေသည့် HIV ရောဂါပိုး ကူးစက်မှုများ သည် လူတစ်ဦး၏ သွေး အမျိုးအစား ကိုလိုက်ပြီး ပြောင်းလဲမှု များ ရှိနိုင်ကြောင်း တွေ့ရှိ ခဲ့ ရသည်။

သွေးဆဲလ်များ အတွင်း မော်လီကျူး တစ်မျိုး အနည်းအများ ကိုလိုက်ပြီး HIV ပြန့်နှံ့မှုမှာ နှုန်းမတူကြောင်း သုတေသန မှတ်တမ်း အသစ် တစ်ခုတွင် ဖော်ပြ ထားသည်။ ကာဘိုဟိုက်ဒရိတ် ဒြပ်ပေါင်းများဖြင့် ဖွဲ့စည်း ထားသည့် Pk ခေါ် မော်လီကျူး တစ်မျိုးသည် ဗိုင်းရပ်စ်များ ပြန့်နှံ့မှု နှုန်းထားကို လုံးဝ ထိန်းချုပ် ပေးကြောင်း လွန်းဒ် တက္ကသိုလ် မှ ဒေါက်တာ မာတင်အော်လ်ဆန် က ပြောကြား ခဲ့သည်။ ထို မော်လီကျူး သည် လူသားများ ၏ သွေး အတွင်း သဘာဝတရား အတိုင်း တည်ရှိ နေသည့် ခုခံအား တစ်မျိုး ဟု သတ်မှတ် နိုင်ကြောင်း ဒေါက်တာအော်လ်ဆန် က ရှင်းပြ ခဲ့သည်။ ထို မော်လီကျူးမျိုး သွေးအတွင်း ဖွဲ့စည်းဖြစ်တည်နေမှု လုံးဝ မရှိသော လူများကို တွေ့ဖူးကြောင်း၊ ထိုလူများသည် HIV ကူးစက် နိုင်ခြေ သာမန်ထက် အဆ (၁၀၀၀) ပိုများကြောင်း ဒေါက်တာ အော်လ်ဆန် က ဆိုသည်။

TT သတင်းဌာနသို့ ၎င်းက ပြောကြားခဲ့ရာတွင် Pk-Level အလိုက် သွေးအမျိုးအစားကို ခွဲခြားနိုင်ပြီး Pkအမြင့်ဆုံး လူများအနေနှင့် HIV ကူးစက်ခြင်း ခံရလျင်တောင် AIDS ရောဂါ အလွယ်တကူ ဖြစ်ပွားလေ့ မရှိကြောင်း ဖော်ပြ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here