ဂရိသန်းကြွယ် သူဌေးကြီးတစ်ဦး ပြန်ပေးဆွဲခံရ

alt

ဂရိနိုင်ငံ၏ သန်းကြွယ် သူဌေးကြီးတစ်ဦး ဖြစ်သူ ပါရီကယ်လ်စ် ပနာဂိုပိုလော့စ် သည် ဇန်နဝါရီလ (၁၂) ရက်နေ့က ကိုဗူရီ တွင် ပြန်ပေး ဆွဲခံခဲ့ရပြီး နောက် ယခုအခါတွင် ပြန်ပေးသမားများ က ငွေကြေး ယူရိုသန်း (၄၀) တောင်းခံ လိုက်ကြောင်း ဂရိရဲများ က ကြေငြာ ခဲ့သည်။

ဇန်နဝါရီလ (၁၃) ရက်နေ့က မိသားစု ထံသို့ ပြန်ပေးသမားများ က ဖုန်းနှင့် ဆက်သွယ်ကြောင်း၊ ယူရိုသန်း (၄၀) နှင့် သူဌေးကြီး အား ပြန်ရွေးရမည်ဟု အကြောင်းကြား ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။ သူဌေးကြီးမှာ ကမ်းခြေ တွင် အေးအေး လူလူ အပမ်းဖြေ နေစဉ် သေနတ် သမားများ က ဖမ်းဆီး ခေါ်ဆောင်သွားမှု ကို ခံခဲ့ ရခြင်း ဖြစ်သည်။

နေ့ခင်း ကြောင်တောင် ဖြစ်ခဲ့သော မှုခင်းအတွင်း သေနတ်သမား (၃) ဦး က ကားဖြင့် သူဌေးကြီး ကို ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်။ မျက်မြင်များ ၏ အဆိုအရ အသက် (၇၄) နှစ်ရှိပြီ ဖြစ်သည့် ဂရိနိုင်ငံ ၏ ကူးတို့ သင်္ဘော လုပ်ငန်းဖြင့် ကြွယ်ဝ နေသော သူဌေးကြီး အား ဖမ်းဆီး သွားသူများသည် ဗင်ကား တစ်စင်းဖြင့် ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here