အိပ်ရေးဝဝ အိပ်ခြင်းဖြင့် အအေးမိရောဂါကို တွန်းလှန်နိုင်

alt

အိပ်ရေးဝဝ အိပ်ခြင်း သည် အအေးမိ ရောဂါ ကို တွန်းလှန်ရာ တွင် ပိုမို အထောက်အကူပြု ကြောင်း သုတေသီများ က ယုံကြည် နေကြ သည်။ အအိပ်ဆတ်သူများနှင့် အိပ်ချိန် လုံလုံ လောက်လောက် မအိပ် ရသူများ ထက် အိပ်ရေးဝဝ အိပ်ရသော သူများတွင်

အအေးမိရောဂါ ဖြစ်ပွား စေတတ်သည့် ဗိုင်းရပ်စ်များ ကို တိုက်ဖျက် နိုင်သည့် ကိုယ်ခံ စွမ်းအား ပိုမို မြင့်မားတတ်ကြောင်း ကာနီဂီမယ်လွန် ဆေး တက္ကသိုလ် မှ ပရော်ဖက်ဆာ ရှယ်လ်ဒန်ကိုဟန် က ပြောကြား ခဲ့သည်။ ကိုဟန်က သူ၏ သုတေသန လုပ်ငန်းများ အတွင်း အသက်(၂၁)နှစ် မှ (၅၅)နှစ်ကြား အမျိုးသား၊ အမျိုးသမီး (၁၅၃) ဦးကို စမ်းသပ်ခဲ့ပြီး ယခုကဲ့သို့ သတ်မှတ် ခဲ့ခြင်းဖြစ်သည်။

အိပ်ရေးဝဝ အိပ်ပြီး ကြည်လင်စွာ နိုးထ လာခဲ့သူ တစ်ဦး၏ နှာရည်ထဲ တွင် အအေးမိ ဗိုင်းရပ်စ် ကို ကာကွယ်နိုင် သည့် ကိုယ်ခံ အားမှာ သာမန်ထက် (၁၂၅) ဆထိ ထိုးတက် နေလေ့ရှိသောကြောင့် အိပ်ရာမှ ထထချင်း အချိန်များ ဆိုလျင် အအေးမိရောဂါ တိုက်ဖျက်ရေး ဇီဝစွမ်းအင် အမြင့်မားဆုံး ဖြစ်နေ တတ်သည်ဟု ယူဆနိုင်ကြောင်း ဒေါက်တာကိုဟန် က ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here