ဝက်ဘ်ဆိုက်များ၏ Code Error အချို့ကို အမေရိကန်မှ ဖော်ထုတ်ပေး

alt

ကမာ္ဘတဝှမ်း တွင် အသုံးပြုနေသည့် ၀က်ဘ်ဆိုက်များ အား ထိန်းချုပ် ထားသည့် Code များအနက် အန္တရာယ် အများဆုံး Error အချို့ကို အမေရိကန် အမျိုးသား လုံခြံုရေး အေဂျင်စီက ဖော်ထုတ် ပေးခဲ့သည်။

Entry (၂၅) ခုတွင် လုံခြံုရေး ယိုပေါက်ကြီးများ ဖြစ်သေည်ကို အေဂျင်စီက တွေ့ရှိခဲ့ပြီး မေလန်ရှိ SANS ပညာရေး ဌာနက ယခုရှာဖွေမှုအတွက် ပူးပေါင်း ပါ၀င်ခဲ့သည်။ ၀က်ဘ်ဆိုက်ပေါင်း (၁.၅) သန်းနှင့် ဆက်စပ် နေသော ထိုဟာကွက်များ ကို လိုအပ်သည့် ဖြည့်စွက်ချက်များဖြင့် ပြင်ဆင်ပေးရန် Software များ ရေးသား နေပြီဟု အေဂျင်စီက ကြေငြာသည်။ အဆိုပါ လုံခြံုရေး ဟာကွက်များ သည် တွေ့ဖူးသမျှ အနက် အဆိုးရွားဆုံး ဖြစ်ကြောင်း အေဂျင်စီ မှ ပညာရှင်များ က ၀န်ခံ ခဲ့ကြသည်။

ယခု တွေ့ရှိချက်ကို အမိမြေ ကာကွယ်ရေး အင်တာနက် လုံခြံုမှုဆိုင်ရာ အဖွဲ့အစည်းများ၊ Microsoft နှင့် Symantec တို့ဆီသို့ မျှဝေ ပေးခဲ့ပြီး လုံခြံုရေး အကြံဉာဏ် များ တောင်းခံ ခဲ့ကြောင်း သိရသည်။ ဆိုးဆိုးရွားရွား Error Code (၂၅) ခုထိ တွေ့ရှိခဲ့ကြောင်း၊ ထိုအမှားသည် Cyber ရာဇဝတ်သားများအတွက် မျက်စိကျစရာ အားနည်းချက်များ ဖြစ်ကြောင်း Microsoft ကလည်း ကြေငြာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here