ဟိုမုန်းအစားထိုး ကုထုံးများကြောင့် ဦနှောက်ထိခိုက်စေဟုဆို

alt

ဟိုမုန်းအစားထိုး ကုထုံးများ သည် ဦနှောက် ကို ထိခိုက်မှုများ ဖြစ်စေ နိုင်ကြောင်း ဆရာဝန်များ က သတိပေး လိုက် သည်။

တချိန်က လူကြိုက်များ သော ပေါ်ပြူလာ ကုထုံး တစ်ခု ဖြစ်သော် လည်း အဆိုပါ နည်းလမ်း ဖြင့် ရောဂါများ ကုသမှု ခံယူခဲ့သည့် လူနာ အများစု ၏ ဦးနှောက် စွမ်းရည် တွင် အနုတ် လက္ခဏာဆောင်သော တွေ့ရှိချက်များ ပေါ်ပေါက်လာကြောင်း သုတေသီများ ကဆိုသည်။ အထူးသဖြင့် အဆိုပါ အခြေအနေ ကို ငယ်ရွယ် သည့် အမျိုးသမီးများ တွင် ပိုမို တွေ့ရှိ ရကြောင်း ဒေါက်တာဆူဆန် ရန်းဆစ်ခ် က ပြောကြား သွား သည်။

ထို ကုထုံး သည် လွန်ခဲ့သော (၁၀)စုနှစ်အတွင်း အလွန် နာမည်ကြီး ခဲ့သော်လည်း ဗြိတိန် အမျိုးသမီး ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ကြီး က ကုထုံး ၏ နောက်ဆက်တွဲ အဖြစ် လေဖြတ်ခြင်း နှင့် နှလုံး ရောဂါ တို့ကို ခံစား ရနိုင်ကြောင်း တိတိကျကျ ဖော်ထုတ် ပြခဲ့ပြီး နောက် ဆေးပညာ လောကတွင် အသုံးပြုမှု နည်းသွား သည်။ ယခုအခါ တွင် ဦးနှောက်ကိုပါ ထိခိုက် နိုင်ကြောင်း စစ်ဆေး တွေ့ရှိခဲ့သဖြင့် ထိုကုထုံး အား လုံးဝစွန့်ပစ်ရန်ပင် ဆရာဝန်များ က တိုက်တွန်း ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here