ပင်လယ်ငှက်များလုံခြုံရေး အတွက် ကြောင်များကို ရှင်းလင်းရန်စီစဉ်

alt

ဩစတြေးလျ နိုင်ငံ ကျွန်း တစ်ခုပေါ်မှ ဒေသခံ ပင်လယ် ငှက်များ လုံခြံုမှု ရရှိ စေရန် အတွက် ကျွန်းပေါ် ရှိ ကြောင်များ အားလုံးကို ဖယ်ရှား ပစ်ရန် ကြံစည် နေကြောင်း သိရ သည်။

သို့သော်လည်း မက်ကွီရီကျွန်း အုပ်ချုပ်ရေး အဖွဲ့အနေနှင့် ကြောင်များကို ဖယ်ရှား လိုက်ပါက ကျွန်းနေ ယုန်ကောင်ရေ အဆမတန် တိုးပွား လာမည် ကိုလည်း စိုးရွံ့ နေရပြန်သည်။ ကြောင်များကို ဖယ်ရှား လိုက်ခြင်းဖြင့် ကျွန်းပေါ် တွင် သဘာဝဖြစ်စဉ် မညီမျှမှုများ ဖြစ်လာမည်ကို အာဏာပိုင်များ က စိုးရိမ် နေကြသည်။ အမေရိကန် ဒေါ်လာ (၁၆.၂)သန်း ကုန်ကျ မည့် ကြောင်များ လိုက်လံ ရှာဖွေ ဖမ်းဆီးရေး အစီအစဉ် ကြောင့် မလိုလား အပ်သော ဆိုးကျိုးများ ဖြစ်လာ နိုင်သည်ကို ထည့် စဉ်းစား ရမည်ဟု ဩစတြေးလျမှ ပညာရှင်များ က ပြောကြားခဲ့သည်။

ကျွန်းတွင် ရှိသော ဇီဝဖြစ်စဉ် သံသရာမှာ အပြောင်းအလဲ ဖြစ်သွား နိုင်သဖြင့် ဘေးကျပ်နံကျပ် ဖြစ်နေ ရကြောင်း သိရသည်။ သို့သော်လည်း ကြောင်များ ကို မဖယ်ရှား ပါက ထိုကျွန်းရှိ ပင်လယ် ပျော်ငှက်များ ၏ အသက်ရှင် ရပ်တည် နိုင်ရေးမှာ အလွန် အခွင့်အလမ်း နည်းလာနေပြီး အချို့ငှက်များဆိုလျင် ကြောင်များ လက်ချက်ကြောင့် မျိုးသုဉ်း လုနီးပါးထိ အခြေအနေ ဆိုးရွား နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here