ဗြိတိန်ဆေးရုံများတွင်အသုံးပြုရန် ရေဖြင်ဆေးကျောနိုင်သည့် ကီးဘုဒ်ထုတ်လုပ်

alt

ဗြိတိန် ဆေးရုံများ တွင် အသုံးပြုရန်အတွက် ရေဖြင့် သေချာစွာ တိုက်ချွတ်ဆေးကြောနိုင်သော Keyboard နှင့် ကြိုးမဲ့ Mouse တစ်မျိုးကို စတင်ထုတ်လုပ်ခဲ့ပြီဖြစ်သည်။

အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်သော Seal Shieldက ထုတ်လုပ်ခဲ့သည့် အဆိုပါ Keyboard နှင့် Mouse တို့သည် ရောဂါပိုးများ ကပ်ငြိနေမှုမှ ကာကွယ်နိုင်ရန် ရည်ရွယ်ကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ သေချာ ကျနစွာ ဆေးကြောသန့်စင်ပြီးနောက် ၎င်းကိရိယာများကို ပိုးသတ်ခန်းများအတွင်း အသုံးပြုနိုင်မည်ဟု Seal Shield ကဆိုသည်။

လက်စ်ဗေးဂက်စ် တွင် ကျင်းပခဲ့သည့် အီလက်ထရောနစ် နည်းပညာပြပွဲအတွင်း ထို Key Board နှင့် Mouse တို့ကို မိတ်ဆက်ပြသခဲ့ပြီး လန်ဒန်နှင့် ဘာမင်ဂမ်မှ ဆေးရုံများ တွင် စတင် အသုံးပြု သွားမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here