ဖခင်ဖြစ်သူဆေးကုရန်အတွက် ကလေးငယ်က ဗြိတိန်ဝန်ကြီးချုပ်ထံ ထောက်ပံ့ကြေးတောင်းဆို

alt

ကင်ဆာရောဂါ ခံစား နေရသည့် ဖခင်ဖြစ်သူ၏ သက်တမ်း ဆက်လက်ရှည်ကြာစေရန် လိုအပ်သော ဆေးဝါးများ ထောက်ပံ့ ပေးပါဟု အသက်(၃)နှစ်အရွယ် ကလေးငယ်တစ်ဦးက ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းအား ပန်ကြား ခဲ့သည်။

ပေါဘလိတ်စ်သည် အူမကြီးကင်ဆာ ခံစား နေရသည့် ဝေဒနာရှင် တစ်ဦးဖြစ်ပြီး လိုအပ်သော ဆေးဝါးများ ၀ယ်ယူရန် ကျသင့်သော ပေါင်စတာလင် (၄၀၀၀၀) ကို မတတ်နိုင်သဖြင့် သားငယ်လေး အက်ဒီက ၀န်ကြီးချုပ်ထံ တတ်သလောက်၊ မှတ်သလောက်ဖြင့် စာရေးပို့ခဲ့ခြင်းဖြစ်သည်။ ယော့ခ်ရှိုင်းယားတွင် နေထိုင်သူ အသက် (၄၇) နှစ်အရွယ် ဘလိတ်က သားငယ်၏ စေတနာတရားကို အလွန် ကျေးဇူးတင် မိကြောင်း ပြောကြား ခဲ့သည်။

အက်ဒီသည် စာမရေးတတ်သေးသဖြင့် ၎င်းပြောလိုသည့် စကားများကို ဘွားအေကြီးထံမှတဆင့် ရေးခိုင်းပြီး အက်ဒီ့နှုတ်ထွက်အတိုင်း ရေးထားသည့်စာကို ၀န်ကြီးချုပ်ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။ အက်ဒီက သူ၏ဖခင်သည် တခါတရံတွင် နာကျင်မှုကြောင့် အော်ဟစ်ငိုကြွေးနေသည်ကို တွေ့ခဲ့ဖူးကြောင်း၊ ၀န်ကြီးချုပ် အနေ နှင့် သူ့အဖေကို ကယ်နိုင်မည် ထင်ကြောင်း မျှော်လင့်တကြီး ပြောကြားခဲ့ကြောင်း ဖွားအေဖြစ်သူ မာဂရက်က ပြောဆိုခဲ့သည်။

မူလက ဆေးရုံတစ်ခုကို အကူအညီတောင်းခဲ့သော်လည်း ငြင်းပယ် ခံရသဖြင့် ၀န်ကြီးချုပ် ကို စာရေးချင်ကြောင်း ဖွားအေကို ပူဆာ ခဲ့သည်ဟု အက်ဒီလေး ကဆိုသည်။ အက်ဒီ ၏ စာနှင့်ပတ်သတ်ပြီး ၀န်ကြီးချုပ် ဘရောင်းဘက် မှ မည်သို့တုန့်ပြန်မည်ကို မသိရ သေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here