နောက်ဆုံးပေါ် Swiss Army အိတ်ဆောင်ဓားထုတ်လုပ်

alt

နာမည်ကျော် Swiss Army အိတ်ဆောင်ဓားများတွင် ခေတ်မီနည်းပညာများ ဖြည့်စွက်ပေးလိုက်ပြီဖြစ်ကြောင်း ထုတ်လုပ်သူ ဗစ်တာရီနော့စ်က ပြောကြား ခဲ့သည်။ နောက်ဆုံးမျိုးဆက် အသေးသုံး ကိရိယာ တန်ဆာပလာ လေးဖြစ်သည့် Swiss Army

အိတ်ဆောင် ဓားတွင် Bluetooth၊ 32G ပမာဏရှိ USB Stick၊ Laser Pointer စသည့် အရာများ ပါရှိလာခဲ့ပြီး အထူးခြားဆုံး အနေနှင့် အသုံးပြုသူသာ ထိုကိရိယာလေးကို ဖွင့်နိုင်ပိတ်နိုင်မည့် လုံခြံုရေး Fingerprint ကို ထည့်သွင်းထားခြင်းဖြစ်သည်။ ထိုစနစ်သည် password များ ထည့်ထားသည်ထက် ပိုစိတ်ချရကြောင်း ဗစ်တာရီနော့စ် ကဆိုသည်။ ယခုအခါတွင် ထိုဆောင်ဓားလေးကို လက်စ်ဗီးဂက်စ်ရှိ Consumer Electronic တွင် စတင်ရောင်းချ နေပြီဖြစ်ပြီး ရောင်းဈေးမှာ ပေါင်စတာလင် (၂၅၀) ဖြစ်သည်။

Swiss Army တံဆိပ် ဓားလေးများ တွင် တိုလီမိုလီ အသုံးဝင်မည့် အရာလေးများ ထည့်ပေးထားပြီး ထို တံဆိပ် သည် ကမာ္ဘတဝှမ်းတွင် ရေပန်း စားလျက်ရှိကာ နှစ်စဉ်ဆောင် ဓားကလေး (၁၃) သန်းခန့်စီ ရောင်းချရလေ့ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here