ဆန်ဈေးများထိုးကျသဖြင့် မြန်မာအိတ်စ်ပို့သမားများ အထိနာ

alt

မြန်မာနိုင်ငံတွင် ဆန်ဈေးများ ထိုးကျလာမှုကြောင့် ပြည်ပသို့ ဆန်တင်ပို့ရောင်းချသူများအတွက် အကြီးအကျယ် ထိခိုက် စေခဲ့ကြောင်း သိရှိ ရသည်။

မြန်မာ့ဆန်စပါးသည် နိုင်ငံတကာ ဈေးကွက်တွင် မျက်နှာပန်းလှသည့် ပို့ကုန်တစ်မျိုးဖြစ်သော်လည်း ကမာ္ဘတဝှမ်းမှ ဆန်ဈေးများ ကျဆင်း လာမှုကြောင့် မြန်မာနိုင်ငံ ဈေးကွက် သို့ပါ ရိုက်ခတ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ ကို အထိနာ စေခဲ့သည်။ ဆန်တစ်တန်လျင် (၂၅) ရာခိုင်နှုန်းမျှ ဈေးထိုး ကျခဲ့ပြီး တစ်တန်၏ ဈေးနှုန်းမှာ နိုင်ငံတကာ ဈေးကွက်အတွင်း ဒေါ်လာ (၂၅၀) မျှသာ ရှိတော့ကြောင်း သိရသည်။ ထို အခြေအနေ ကြောင့် အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံ ကဲ့သို့ စိုက်ပျိုးရေး နိုင်ငံများတွင် လည်း ထိခိုက် နစ်နာခဲ့ပြီး ဗီယက်နမ်တွင် လည်း ဆန်ဈေးများ ကျဆင်းမှု ဒါဏ်ကို ထိခိုက် ခံစား နေရကြောင်း သိရ သည်။

မြန်မာ့ စီးပွားရေး ပညာရှင်များ ကမူ ပြည်ပပို့ ဈေးနှုန်းများ ကျဆင်း နေချိန်တွင် ပြည်တွင်း ဖူလုံမှုအတွက် ပိုမို ဆောင်ရွက်ခြင်း ဖြင့် တင်ပို့မှု အခွန်အခများ ကို လျှော့ချ သင့်ကြောင်း အကြံပြု ထားကြပြီး ဆန်ဈေးများ သည် ယခုထက် ပိုမိုကျ လာနိုင်သည့် အလားအလာ ရှိနေသည်ဟု လည်း သုံးသပ် ခဲ့ကြ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here