Google အသုံးပြုရှာဖွေခြင်းကြောင့် လေထုညစ်ညမ်းမှုတိုးပွားစေဟုဆို

alt

Google ကို အသုံးပြုကာ အင်တာနက် ရှာဖွေမှုများ ပြုလုပ်ခြင်းသည် လေထုညစ်ညမ်းမှုကို တိုးပွားစေကြောင်း သိရှိ ရသည်။ Google ဖြင့် သမားရိုးကျ ရှာဖွေမှု တစ်ခု ပြုလုပ်တိုင်း PC တစ်လုံးမှ ကာဗွန် ဒိုင်အောက်ဆိုက် (၇) ဂရမ် ထွက်လာ

တတ်ပြီး နှစ်ကြိမ် လုပ်လျင် ပွက်ပွက်ဆူနေသော ရေနွေး ကရားအိုးတစ်လုံးမှ ထွက်လာသည့် ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏ (၁၅) ဂရမ်နှင့် တူညီလုနီးပါးမျှ ရှိလာမည်ဖြစ်သည်။ Googleသည် ကမာ္ဘ့အကောင်းဆုံး ရှာဖွေရေး အင်ဂျင်တစ်ခု အဖြစ် ရပ်တည်လာမှုနှင့်အတူ ကာဘွန်ဒိုင်အောက်ဆိုက် စွန့်ထုတ်မှု ပိုမိုများပြားလာကြောင်း အမေရိကန်မှ ပညာရှင်များ ကဆိုသည်။ ဤသို့ဖြစ်ရခြင်းမှာ ရှာဖွေမှုများ လျင်မြန်စွာ ပြုလုပ်နိုင်ရန် စွမ်းအင် သုံးစွဲရသည့် ပမာဏ ပိုမိုမြင့်မားသောကြောင့်ဟု ဟားဗတ်ရူပဗေဒ လေ့လာရေးဌာနမှ ပညာရှင်များ က ခန့်မှန်း ခဲ့ကြသည်။

ကမာ္ဘပေါ်တွင် တနေ့တာအတွင်း Google အသုံးပြု ရှာဖွေမှုပေါင်း ဘီလျံနှင့်ချီ များပြား နိုင်သောကြောင့် ထွက်ရှိလာမည့် ကာဘွန်ဒိုင်အောက်ဆိုက် ထုထည်မှာ ကြောက်စရာ ကောင်းလောက်အောင် များပြား နိုင်ကြောင်း ပညာရှင်များ က သတိ ပေးထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here