အစ္စရေးတပ်များ ဂါဇာစီတီးသို့ ဆက်လက်ချီတက်

alt

အစ္စရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂါဘီအက်ရှခန်နာဇီက အစ္စရေးတပ်မများသည် ဂါဇာစီးတီးသို့ ဆက်လက် ချီတက်သွားပြီ ဟု ပြောကြား ခဲ့သည်။

ဇန်နဝါရီလ (၁၃) ရက်နေ့မှစပြီး ဂါဇာစီးတီး မြို့တော် အစွန်အဖျား ဒေသများသို့ အစ္စရေး အမြောက်ဆံများ ပထမဆုံး အကြိမ် ကျရောက် လာခဲ့ပြီး လေကြောင်းမှ တိုက်ခိုက်မှုများ ကလည်း မြို့တော်အစွန် အဖျား ဒေသများသို့ စတင် ပစ်မှတ်ထား လာခဲ့သည်။ ဂါဘီက ဟားမတ်များကို အဆုံးစွန် ဖြိုခွဲမည် ဖြစ်ပြီး ယနေ့လည်း ဆက်လက် ထိုးစစ်ဆင်ဦးမည်ဟု ကြွေးကြော်ခဲ့သည်။ ထို့ကြောင့် အစ္စရေးစစ်ကြောင်းများ အနေနှင့် ဂါဇာစီးတီး သို့ ထိုးဖောက် ၀င်ရောက်လာဖွယ်ရှိပြီး ဒေသခံ ပါလက်စတိုင်းများ မှာ ကျီးလန့်စာစား ဖြစ်နေ ကြရသည်။

လူ (၉၀၀) ကျော် သေဆုံးခဲ့ပြီးဖြစ်သော အစ္စရေး၏ စစ်ဆင်ရေးမှာ နိုင်ငံကို ကာကွယ်ရန် အတွက်သာဖြစ်ပြီး ကျူးကျော် စစ် ဟု မသတ်မှတ် နိုင်ကြောင်း၊ အစ္စရေးမြို့ များသို့ ဒုံးကျည်များ ပစ်ခတ် ခဲ့သည့် ဟားမတ် တို့ကို အပြီးတိုင် ဖယ်ရှားပြီးမှ စစ်ပွဲကို အဆုံးသတ်မည်ဖြစ်ကြောင်း ဂါဘီက သတင်းထောက်များထံ ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here