မြန်မာ့အရေးဆန္ဒပြသူနှစ်ဦး စင်ကာပူတွင် အဖမ်းခံရ

alt

မြန်မာနိုင်ငံသားများကို အစိုးရအနေနှင့် ခွဲခြားနှိမ့်ချ ဆက်ဆံနေခြင်းကို မကျေနပ်ကြောင်း ဆန္ဒပြခဲ့သည့် စင်္ကာပူနိုင်ငံသား(၂)ဦးအား ရဲများက ဖမ်းဆီးခဲ့ကြသည်။

၎င်းတို့သည် မြန်မာပြည်သူများ နှင့် တသွေးတည်း တသားတည်း ရှိကြကြောင်း ဆီလန်ပါလေ နှင့် ချွန်ကိုင်စွန် တို့က ဆိုသည်။ စင်္ကာပူတွင် အလုပ်လုပ်နေသော မိုးကျော်သူ နှင့် ၀င်းကျော်တို့ နှစ်ဦး၏ Work Permit တိုးမြှင့်ပေးရန် စင်္ကာပူ အစိုးရ က ပယ်ချခဲ့ ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြ ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ထိုနှစ်ဦး သည် (၂၀၀၇)ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများ အား မြန်မာအစိုးရက အကြမ်းဖက် နှိမ်နင်းစဉ် ကလည်း စင်္ကာပူရောက် မြန်မာများ နှင့်အတူ စုရုံးဆန္ဒပြ ခဲ့သူများ ဖြစ်သည်။

စင်္ကာပူ အစိုးရ သည် နိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများကို ခွဲခြားနှိမ့်ချနေကြောင်း ပါလေက စွပ်စွဲ ခဲ့သည်။ စင်္ကာပူ ရဲတပ်ဖွဲ့ကမူ အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှုနှင့် ၎င်းတို့အား တရားစွဲရန် စီစဉ် ထားကြောင်း ပြောကြား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here