ကားသံဆူညံသည့်ပတ်ဝန်းကျင်မှလူများ နှလုံးရောဂါဖြစ်နိုင်ခြေပို

alt

ကားသံများ ဆူညံနေသည့် ပတ်ဝန်းကျင် တွင် နေထိုင်မိသူများသည် သာမန်ထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ (၃၈) ရာခိုင်နှုန်းထိ တိုးလာနိုင်ကြောင်း ပညာရှင်များက သတိပေး ခဲ့သည်။

အထူးသဖြင့် မကြာခဏ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်တတ်သည့် လမ်းများတွင် နေထိုင်လေ့ ရှိသူများသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ရန် ပိုမိုအခွင့်အလမ်း များလာ နိုင်ကြောင်း သိရသည်။ ဆွီဒင်နိုင်ငံမှ သုတေသန ပညာရှင်များက အဆိုပါ ကြေငြာချက် ကို ထုတ်ပြန်ခဲ့ပြီး နှလုံးရောဂါ သာမက သွေးတိုးရောဂါ ကိုလည်း ဆိုးရွားလာစေနိုင်ကြောင်း ပြောကြား ခဲ့သည်။

ထို့အတူ ဘာလင်မှ သုတေသီများကလည်း လေယာဉ်ကွင်းများအနီး နေထိုင်ပြီး လေယာဉ် အတက်အဆင်း ဆူညံသံများ အမြဲလိုလို ကြားနေရတတ်သည့် သူများတွင် အကြားအာရုံ ထိခိုက်မှုသာမကဘဲ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ တိုးမြင့်လာခြင်း ကိုပါ ကြံုတွေ့ရနိုင်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။ (၇၀) ဒယ်ဆီဘဲ ယူနစ်ထက် ပိုမို များပြားသော အသံများ နှင့် အမြဲတစေ ထိတွေ့နေရခြင်း သည် နှလုံးရောဂါ ကို ဖိတ်ခေါ် နေခြင်း ဖြစ်ကြောင်း သိပ္ပံ ပညာရှင်များ က ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here