မြန်မာ ဘလော့ဂ် အကယ်ဒမီ ထူးချွန်ဆု ရွေးချယ်ပွဲ ၂၀၀၈ ကြေညာ

alt

ပထမဆုံး မြန်မာ ဘလော့ဂ် အကယ်ဒမီ ထူးချွန်ဆု  ရွေးချယ်ပွဲ ၂၀၀၈ ကတော့ ကြေညာခဲ့ သွားပြီ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်အတွက် ဘလော့ဂ်အမျိုးအစား ၁၁ မျိုး ဝင် ပါဝင်သော ဘလော့ဂ်ပေါင်း ၁၇၀ မှ

အကောင်းဆုံး မြန်မာ ဘလော့ဂ် အကယ်ဒမီ ထူးချွန်ဆု ဆွတ်ခူး ရရှိသွားတဲ့ ဘလော့ဂ်များ စာရင်းကို  mmblogpress.com ဝဘ်ဆိုက်မှာ ထုတ်လွှင့် ကြေငြာထားပါတယ်။

မြန်မာ ဘလော်ဂါများ ကို ဂုဏ်ပြု ဖို့အတွက် ယခုလို ဘလော့ဂ် အကယ်ဒမီ ထူးချွန်ဆု  အစီအစဉ်ကို မြန်မာလူငယ် ဘလော်ဂါ ၅ ဦးက ဦးစီးပြီး၊ အကြံပေးများ နှင့် နည်းပညာဆိုင်ရာ ကျောင်းသားများ က ပူပေါင်းဆောင်ရွက် ကာ စတင် လုပ်ဆောင် ခဲ့တာ ဖြစ်ကြောင်းကိုလည်း ဖေါ်ပြ ထားပါတယ်။ မြန်မာ ဘလော့ဂါ အကယ်ဒမီဆု ရရှိတဲ့ ဘလော်ဂါများ အတွက် ဒီဆုဟာ ဘလော်ဂါတို့ ၏ ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုခံရတာ ဖြစ်သလို ဘလော့ဂါ တစ်ယောက်ရဲ့ ဘဝမှာ အခန်းကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ် စတင်ခြင်း လို့လဲ ဆိုနိုင်တယ် လို့ စီစဉ် သူများက ဆိုပါတယ်။

မြန်မာ ဘလော့ဂ် အကယ်ဒမီဆု ရွေးချယ် ပေးအပ်နိုင်ရေး အတွက် အဘက်ဘက်မှ ကူညီ ပံ့ပိုး ခဲ့ကြတဲ့ သတ္တမနည်းပညာ ရပ်ဝန်း၊ ကနောင်ဝဘ်ဒီဇိုင်း၊ RSF နဲ BMA အဖွဲ့တို့က ပံပိုး ကူညီ ပေးခဲ့တယ်လို့ mmblogpress.com ဝဘ်ဆိုက်မှာ ဖေါ်ပြ ထားပါတယ်။

မဲပေးခဲ့သူပေါင်း – ရ၈၃၈ ဦး၊ ပါဝင်လာသော ၂၀၀၈ ခုနှစ်အတွက် မြန်မာဘလော့ဂ် အကယ်ဒမီဆု ရရှိသူများစာရင်းကို mmblogpress.com ဝဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီ ပါတယ်။ mmblogpress.com ကနေပြီး နှစ်စဉ် ဆက်တိုက် စီစဉ်ပေးသွား မှာဖြစ်ကြောင်း နှင့် လာမည့်နှစ်များတွင် ဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here