ယူနီဆက်ဖ်နှင့် ပိုလီယိုကာကွယ်ဆေး

alt

UNICEF က မြန်မာ နိုင်ငံ အတွင်း ကလေးငယ်များ အတွက် ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးမည့် အစီအစဉ် ကို ဆက်လက် အကောင်အထည် ဖော်သွား မည်ဟု ကြေငြာ ခဲ့သည်။ (၂၀၀၉) ခုနှစ် ဇန်နဝါရီလ (၁၀) ရက်မှ (၁၂) ရက်နေ့ ကို ပထမ အသုတ်

ကာကွယ် ဆေးတိုက်မည့် ရက်အဖြစ် သတ်မှတ် ထားပြီး၊ ဖေဖော်ဝါရီ (၇) ရက်မှ (၉) ရက်ထိကို ဒုတိယအသုတ် ကာကွယ်ဆေး တိုက်မည့်ရက်အဖြစ် သတ်မှတ်ထားကြောင်း UNICEF က ကြေငြာ ထားသည်။ မြန်မာနိုင်ငံ အတွင်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီး တိုက်ခတ် ခဲ့သည့် မေလအတွင်း လေဘေးသင့် ဒေသများ တွင် ပိုလီယို ကာကွယ်ဆေးများ တိုက်ကျွေး ပေးခဲ့သေးသည်။

(၂၀၀၇) ခုနှစ်အတွင်း မြန်မာနိုင်ငံ မှ ကလေးငယ် ဦးရေ (၂.၅) သန်းခန့်ကို ပိုလီယို ကာကွယ်ဆေး တိုက်ကျွေး ပေးနိုင်ရန် UNICEF က ဆောင်ရွက် ပေးခဲ့ပြီး (၂၀၀၈) ခုနှစ်၊ ဧပြီလ အတွင်း ရခိုင်ပြည်နယ် မောင်းတော ဒေသ တွင် ကလေးငယ် တစ်ဦး ပိုလီယို ဖြစ်ပွား နေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရာ အဆိုပါရောဂါ တိုက်ဖျက်ရေး ကို ပိုမိုဇောက်ချ လုပ်ကိုင်ရန် စီစဉ် လျက်ရှိသည်။ ထို့အပြင် UNICEF ၏ ကြေငြာချက် အရ အရှေ့တောင်အာရှ နိုင်ငံအချို့ တွင်လည်း ပိုလီယို ရောဂါ တကြော့ပြန် ခေါင်းထောင် လာသည့် လက္ခဏာများ ကို တွေ့ရှိခဲ့သဖြင့် ရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်း ကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ် နေပြီ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here