ရုရှားမှ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ တင်ပို့မှု ကန့်သတ်ခြင်း ကြောင့် လောင်စာ ဆီဈေး တက်နိုင်

alt

ရုရှားနိုင်ငံက ယူကရိန်းသို့ တင်ပို့သော ရေနံနှင့်ဓာတ်ငွေ့ ပိုက်လိုင်းများအား ပိတ်ဆို့ထားလိုက်ခြင်းကြောင့် ဥရောပ ဒေသအတွင်း ရေနံဈေးများ တက်လာ နိုင်ကြောင်း ဥရောပ ယူနီယံက သတိပေးထားသည်။

ဥရောပဒေသကို အကြီးမားဆုံး စွမ်းအင် ထောက်ပံ့နေသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သော ရုရှား ၏ လုပ်ရပ်မှာ နိုင်ငံအတော် များများကို ကြီးမားစွာ ထိခိုက် နစ်နာစေသလို ဗြိတိန်ကဲ့သို့ စွမ်းအင်လိုအပ်ချက် မြင့်မားသော နိုင်ငံများ တွင် ရေနံနှင့်ဓာတ်ငွေ့များ ၀ယ်ယူနိုင်ရေး ဈေးနှုန်း ကြီးမြင့်မှုနှင့် မလွဲမသွေ ကြံုရတော့မည် ဖြစ်သည်။

ယူနီယံ၏ ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ရုရှား စွမ်းအင်ကို မှီခိုနေခဲ့ရသော အခြေအနေကြောင့် ယခုဖြစ်ရပ်မျိုး ပေါ်ပေါက်ရာ တွင် ထိခိုက်မှုများ ရှိလာခဲ့ ခြင်းဖြစ်ကြောင်း ၀န်ခံခဲ့သည်။ ထို့အပြင် ယူနီယံက ဥရောပနိုင်ငံတိုင်းသို့ လောင်စာဈေးနှုန်း တက်လာနိုင်ခြေအပေါ် သတိရှိကြရန် ကြေငြာထားပြီး အနာဂါတ်ကာလတွင် ဥရောပ ယူနီယံမှ ရေနံ နှင့် ဓာတ်ငွေ့များကို သက်သာသော ဈေးနှုန်း နှင့် ရရှိ နိုင်ခြေမရှိကြောင်း သတိပေးချက် ထုတ်ပြန် ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here