ဗီတာမင်ဒီ စစ်ဆေးမှုများ လွဲချော်ခဲ့ဟု Quest ရောဂါ ရှာဖွေရေး ဌာနက ကြေညာ

alt

အမေရိကန်နိုင်ငံ Quest ရောဂါရှာဖွေရေး သုတေသန ဌာနက လွန်ခဲ့သော နှစ်နှစ် အတွင်း ဗီတာမင် D စစ်ဆေးမှုများ အနက် အချို့တို့ တွင် လွဲချော်မှုများ ရှိနေ ခဲ့ကြောင်း ထုတ်ဖော် ကြေညာ ခဲ့သည်။

Quest သည် အမေရိကန် နိုင်ငံ ၏ အကြီးကျယ်ဆုံး ရောဂါ စမ်းသပ် ရှာဖွေရေး ဌာနကြီး ဖြစ်ပြီး ယခုအခါ နိုင်ငံ တဝှမ်းရှိ ဆရာဝန်များ ထံသို့ ဗီတာမင် D ပမာဏ စစ်ဆေးမှု အစီရင်ခံစာများ နှင့် ပတ်သတ်ပြီး မေးခွန်း ထုတ်စရာ အခြေအနေများ ရှိနေကြောင်း သတိပေးထားသည်ဟု ဆိုသည်။ ဌာနမှ ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာဝေးလ် ဆလာမန် က စစ်ဆေးမှု မှတ်တမ်းများတွင် အမှားများ ပါနေသည်ကို မသိပါက ဆရာဝန်များ အနေနှင့် မှားယွင်းသော ကုထုံးများကို ရွေးချယ်မိနိုင်သော အန္တရာယ်ရှိကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

ယခုအခါ Quest အနေနှင့် စစ်ဆေးမှုဆိုင်ရာ Error များ ပေါ်ပေါက်နေခြင်းကို စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပြောကြား ထားသည်။ ဆလာမန်က ဗီတာမင် D ဆိုင်ရာ စစ်ဆေးမှုများ အားလုံးတို့၏ (၁၀) ရာခိုင်နှုန်း နီးပါးထိသည် လွဲချော်မှုများ ရှိနေဖွယ်ရှိပြီး စစ်ဆေးမှုဆိုင်ရာ နည်းလမ်းသစ်များ ကို စီစစ်ရွေးချယ် အသုံးပြုသွားသင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

Quest အနေနှင့် ဗီတာမင် D ဆိုင်ရာ စစ်ဆေးမှုများ လွဲချော် နေသည်ကို အတည်ပြု ခဲ့သော်လည်း မည်သည့်အတွက်ကြောင့် ယခုလို ဖြစ်ရသည် ဆိုခြင်းအား ပြောကြားရန် ငြင်းပယ် ခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here